Final

269 20 9
                                    

"Bsum ?? "

/ကျွန်တော် Bsumမဟုတ်ပါဘူး P'တို့ @#&ကဆေးရုံကိုလာခဲ့ပေးပါ အခန်းနံပါတ် D- 314ပါ Khun Bibleကို P'တို့တွေ့ချင်မယ်ထင်ပါတယ်/

"Bible..Bibleသူအဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ"

/သူအဆင်ပြေပါတယ် လွန်ခဲ့တဲ့သုံးရက်က နှလုံးအစားထိုးခွဲစိတ်မှုလုပ်ထားတယ် ခုတော့သက်သာပါပြီ/

"အင်း ငါတို့အခုပဲလာခဲ့မယ်"

/ဟုတ်ကဲ့/

"Biuရေ Biu !!! Bibleရှိတဲ့နေရာကိုသိပြီ!!!!"

"P' Jeff !!!!"

"ဖြည်းဖြည်းဆင်းခဲ့ပါBiuရယ် ချော်ကျလိမ့်မယ်"

လှေကားပေါ်ကနေ အသည်းအသန်ပြေးဆင်းလာတဲ့သူကိုကြည့်ပြီး Barcodeပြောလိုက်တယ် ပြေးဆင်းလာတာများ ‌ခြေထောက်နဲ့လှေကားနဲ့ထိရဲ့လားတောင်မသိဘူး မတော်လို့ချော်ကျမှဖြင့် ဒုက္ခပဲ

"P' Jeff သူ...သူအဆင်ပြေရဲ့လားဟင် စိုးရိမ်ရလား"

"အဆင်ပြေပါတယ် လွန်ခဲ့တဲ့သုံးရက်က နှလုံးအစားထိုးခွဲစိတ်မှုတော့လုပ်ထားရတယ်တဲ့ ဒါမဲ့ခုတော့သက်သာနေပြီတဲ့မစိုးရိမ်ရတော့ဘူး"

"တော်...တော်ပါသေးရဲ့"

"Biu ငါတို့လိုက်သွားကြစို့လေ"

"အင်းဟုတ်တယ် ဟုတ်တယ် သွားစို့"

"အင်း"
_____________
လွန်ခဲ့သောသုံးရက်.....

"ဒေါက်တာ ဒီဒီ့အခြေအနေဘယ်လိုရှိလည်း"

"အခုချိန်မှာစိုးရိမ်ရတဲ့အနေအထားမှာရှိတယ် နောက်နာရီပိုင်းအတွင်း အလှူရှင်မရသေးရင် အသက်ဆုံးရှုံးနိုင်တယ်"

"ကျစ်....ဒုက္ခပဲ Leoဆီကဘာထူးလဲ အလှူရှင်ရှာတွေ့ပြီတဲ့လား"

"မတွေ့သေးဘူး ငါဖုန်းဆက်ထားတယ် သူလာနေပြီတဲ့ စိတ်ကိုလျှော့ထားပါ သူတစ်ခုခုစီစဉ်ပေးမှာပါ"

"ဘယ်ချိန်ထိစောင့်ရမှာလဲ တော်ပြီ ဆက်မစောင့်နိုင်ဘူး.... ဒေါက်တာ က်ျွတော့်နှလုံးကိုယူပါ ဒီဒီ့အတွက်ကျွန်တော်နှလုံးပေးပါ့မယ်"

"ဟို...ဟို..."

"Bsum မဖြစ်ဘူးလို့ ငါ့ကို Leoမှာထားတယ် မင်းကိုလုံးဝခွင့်မပြုရဘူးတဲ့"

Revenge To Fall In Love With His Dad ( Completed )Where stories live. Discover now