(A/N. ဒီတစ်ပုဒ်မှာက 18+အပိုင်းတွေအများကြီးပါမှာမို့ မကြိုက်တဲ့သူတွေက ဒီတစ်ပုဒ်ကို (လုံးဝ)လုံးဝမဖတ်ပါနဲ့နော် Story Descriptionမှာကတည်းက Warning🔞🚨ထည့်ပေးထားပြီးသားပါနော် ပုံမှန်ဆို Matureပဲ onထားတာပါ ခုSDထိပါ warningပေးတာမို့ ဒါဒါလေးတို့ ရိပ်မိမှာပါနော် ပြီးမှ Idol Imageတွေဘာတွေလာမပြောပါနဲ့နော် )
"Biu...တော်သေးတာပေါ့ မင်းအသက်ရှင်သေးတာပဲ ငါက မင်းအိမ်သာထဲဝင်သွားတာကြာလို့ သေနေပြီတောင်မှတ်တာ"
"ဟဲဟဲ....."
"Biu...မင်း မင်းခန္ဓာကိုယ်က ဖယ်ရိုမုန်းအနံ့တွေထွက်နေတယ်"
"ဟမ်?"
"အေး....ချိုချဉ်နံ့လေး ချိုချိုသင်းသင်းလေး"
"အမ်?"
"မဖြစ်တော့ဘူး မင်း heatဝင်နေပြီနဲ့တူတယ် မင်းကိုအိမ်အမြန်ပြန်ပို့မှရမယ် အယ်ဖာတစ်ယောက်ယောက်အနံ့ရသွားရင်မကောင်းဘူး "
Biuရှေ့ကနေပြောနေတဲ့ Poရဲ့စကားတွေကို မနည်းနားထောင်အောင်နားထောင်နေရတယ် ဘာလဲ ငါ့ဖယ်ရိုမုန်းအနံ့ရတယ်?ချိုချဉ်နံ့?heatဝင်တယ်?ငါကဘာလို့ heatဝင်ရတာလဲ ငါ့အချိန်လည်းမရောက်သေးဘဲလေ ငါတွေးလို့တောင်မပြီးသေးဘူး Apoရဲ့ ဆွဲခေါ်မှုကြောင့် ကားပေါ်တောင်ရောက်နှင့်နေပြီ
"Biu အဆင်ပြေရဲ့လား ငါအမြန်မောင်းပေးမယ်နော်"
"အင်း"
Apo Nattawinရဲ့ ကျေးဇူးနဲ့ အိမ်ကိုအန္တနဲ့ရာယ်ကင်းကင်းနဲ့ပြန်ရောက်လာခဲ့ပေမယ့် Biuခုထိ နေရတာအဆင်မပြေသေးပေ ခန္ဓာကိုယ်တစ်ခုလုံး အငွေ့ပြန်မတက်ပူလောင်နေတာကြောင့် အဝတ်စားတွေအကုန်ချွတ်ကာ ရေချိုးကန်ထဲရေအပြည့်ဖြည့်ပြီး ဝင်စိမ်နေလိုက်သည် မနက်ဖြန်ကျရင်တော့ အလုပ်နောက်မကျဖို့မျှော်လင့်တာပါပဲ
_______________________
Biu နိုးလာတော့ အိပ်ချင်မူးတူးနဲ့နာရီကြည့်လိုက်ရာ 9:30am ဖြစ်နေတာကြောင့် အိပ်ယာကနေဝုန်းကနဲထပြီး ရေချိုးခန်းပြေးရတော့သည် သောက်ကျိုးနည်း အလုပ်နောက်ကျနေပြီကွ ဒီမနက် 9:00amအစည်းအဝေးရှိတာပါနောက်ကျတာဆိုတော့ အလုပ်ထုတ်ခံရမှာသေချာနေပြီ မနေ့ကအလုပ်ဝင် ဒီနေ့အလုပ်ထုတ်ခံရဆို Build Jakapanတို့ ရာဇဝင်မှာ စာတွင်တော့မှာပေါ့ ပြင်ဆင်စရာရှိတာအမြန်ပြင်ပြီး ရနံ့ထိန်းဖို့အတွက် ဂုတ်ပိုးမှာ ရနံ့ထိန်းပလာစတာကပ်ကာ ဆေးတစ်ချို့ကိုသောက်ပြီး ရုံးကိုအမြန်လာခဲ့လိုက်သည် ဟိုရောက်တော့ အလုပ်လုပ်နေတဲ့သူတွေ တစ်ယောက်မှမတွေ့တာမို့ အစည်းအဝေးခန်းထဲရောက်နေကြပြီဆိုတာ Biuသိလိုက်သည် Biuဝင်သွားလည်းမမှီတော့တာမို့ ရုံးခန်းထဲကပဲ ထိုင်စောင့်နေလိုက်သည်
YOU ARE READING
Revenge To Fall In Love With His Dad ( Completed )
Fiksi Penggemarနောင်ဘဝထိမမျှော်လင့်ပါဘူး ဒီဘဝကို မင်းကိုအကောင်းဆုံးချစ်ပေးနိုင်ရုံနဲ့တင် လုံလောက်ပါပြီ ~~~~ 🚨🔞 Warning 🔞🚨