"အင့်ဟင်း......."
Biuနိုးလာတော့ မြင်လိုက်ရတဲ့မျက်နှာကျက်ကြောင့် ခုထက်ထိနားနေခန်းထဲမှာပဲရှိနေသေးမှန်း သတိထားမိလိုက်တယ် အိပ်ယာကနေအားပြုပြီးထလိုက်တော့ နောက်ပိုင်းတစ်နေရာက နာကျဉ်မှုကို သိသိသာသာခံစားလိုက်ရတယ် တအားမနာတာကြောင့် ဆေးထည့်ပေးထားလို့များလားလို့ Biuတွေးလိုက်မိတယ် နာရီကြည့်လိုက်တော့ ညနေရုံးဆင်းချိန်ပင်ရောက်တော့မှာမို့ အပြင်ထွက်ချင်ပေမယ့် Khun Bibleကိုတွေ့ရမှာကို မလုံ့မလဲဖြစ်နေတာကြောင့် အခန်းထဲမှာပဲ အချိန်အတန်ကြာအောင်အချိန်ဆွဲနေလိုက်မိတယ် အားလုံးရုံးဆင်းသွားလောက်ပြီ ဘယ်သူမှမရှိလောက်တော့ဘူးဆိုတဲ့အချိန်ကျမှ ကုတ်ချောင်းကုတ်ချောင်းနဲ့ အပြင်ကိုထွက်ခဲ့လိုက်တယ်
"Build Jakapan!!"
"Dad.!!!.......ဟို..ဟို Khun Bible"
ရုတ်ရက်လန့်ပြီးထွက်သွားမလိုဖြစ်တဲ့စကားကို မနည်းပြန်မျိုချလိုက်ရတယ် သောက်ကျိုးနည်းတွေထွက်တော့မလို့
"ဒီကို ခနလာခဲ့အုံး"
"ဟုတ်...ဟုတ်ကဲ့"
"ဒီနေ့ဖြစ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး မင်းဘာမှပူပန်စရာမလိုဘူး မင်းအရမ်းဒုက္ခရောက်နေတာမို့ အဆင်ပြေအောင်ဖြေရှင်းပေးလိုက်တာ အဲ့ဒါနဲ့ပတ်သတ်ပြီး ကိုယ်အခွင့်အရေးယူသလိုဖြစ်သွားရင် ဆောရီးပါ မင်းပုံမှန်အတိုင်းပဲနေပါ ဒီတစ်ပတ်ခွင့်ယူပြီးနားလိုက် ဒီနေ့ဖြစ်ခဲ့တာတွေ ခေါင်းထဲကထုတ်လိုက်"
"အမ်??...အင်း"
"သွားလို့ရပြီ"
ငါတို့လုပ်ခဲ့တာတွေ သူဘာမှမခံစားရဘူးလား ငါထင်တာက သူငါ့ကိုသဘောကျလောက်ပြီထင်တာလေ ခုတော့ ချီးပဲ ငါ့ဘဝလေးဆုံးသွားတာပဲအဖတ်တင်တယ် ဒင်းကအရင်လိုပဲ အေးတိအေးစက်နဲ့ ဂရုမစိုက်ဘူး ခွေးကောင်ကြီး လူယုတ်မာကြီး အဖေရောသားရောတစ်ယောက်မှ မကောင်းဘူး
"အီးဟီး.....မကောင်းတဲ့လူကြီး လူယုတ်မာပြီး သူများသားပျိုလေးကို စားပြီးနားမလည်လုပ်တဲ့ဟာကြီး အီးဟီး.... ခွေးကောင်ကြီး လုပ်တုန်းကလုပ်ပြီးခုတော့တာဝန်မယူဘဲပစ်ထားတယ်....ဗြဲ မကောင်းတဲ့ကောင်ကြီး...."
YOU ARE READING
Revenge To Fall In Love With His Dad ( Completed )
Fanficနောင်ဘဝထိမမျှော်လင့်ပါဘူး ဒီဘဝကို မင်းကိုအကောင်းဆုံးချစ်ပေးနိုင်ရုံနဲ့တင် လုံလောက်ပါပြီ ~~~~ 🚨🔞 Warning 🔞🚨