I'm sorry for this letter

133 16 24
                                    

ဒါက သာသာ့ရဲ့ ရင်ဖွင့်စကားတစ်ခုပါ......

Family caseတွေက တခြားသူတွေကို ပြောမပြသင့်ဘူးဆိုပေမယ့် ဒီထဲကသူလေးတွေက သာသာဘယ်သူလဲ ဘယ်ဝါလဲဆိုတာကို မသိကြတဲ့အတွက် သာသာရင်ဖွင့်လိုက်လို့ သာသာ့အပေါ်ဘာဆိုးယုတ်မှုမျိုးမှမဖြစ်စေဘူးလို့ သာသာယုံလို့ပါ ဒီထဲဘာလို့လာပြောရလဲဆိုတော့ သာသာမှာအပေါင်းအသင်းအရမ်းရှားပါတယ် ပြီးတော့ သာသာက သူတို့ကိုရင်မဖွင့်ချင်ပါဘူး ဘာလို့ဆိုသာသာ့ကိုသိတဲ့အတွက်ကြောင့်မို့ Family caseဆွေကို သူတို့ကိုမသိစေချင်ဘူး
သာသာ့မှာ ဖေဖေမရှိတော့ပါဘူး အရင်ကမိသားစုကအဆင်ပြေခဲ့ပေမယ့် ကိုဗစ်ဖြစ်ပြီးကတည်းက မေမေ့မှာအလုပ်မရှိတော့ဘူး ဝင်ငွေမရှိတော့ဘူး အိမ်လခတွေမပေးနိုင်တော့တဲ့အခြေအနေမို့ အဒေါ်ဆီမှာကပ်နေနေရတယ် အဒေါ်ကလည်း ထွက်မသွားသွားအောင် အမျိုးမျိုးစိတ်ဆင်းရဲအောင်လုပ်တယ် ချက်ကျွေးထားပေမယ့် အမြဲမျက်နှာထားတင်းတင်းနဲ့ အပြစ်တွေပဲလိုက်ပြောပြီး အိမ်ကနေခနခနထွက်သွားအောင်ပြောတယ် ဒါပေမယ့် သာသာတို့မှာ တခြားသွားစရာနေရာမှမရှိတာ အလုပ်လည်းမရှိဘူး သာသာအလုပ်ရှာပေမယ့် သာသာကဆယ်တန်းမှာနားထားတာ ပြောရရင်ဒီအခြေအနေတွေကြောင့် ကျောင်းဆက်မတတ်တာ အဲ့တော့ဆယ်တန်းမအောင်သေးတဲ့အတွက် အလုပ်ကရှားတယ် ပြီးတော့သာသာက သွေးအားနည်းရောဂါရှိတော့ တအားပင်ပန်းမဲ့အလုပ်တွေမလုပ်နိုင်ဘူး အထူးသဖြင့် သာသာတို့မှာ သွားဖို့လာဖို့ဆိုင်ကယ်မရှိဘူး အရင်ကရှိခဲ့ပေမယ့် အန်တီကမသိခင်မှာယူပေါင်ပလိုက်တာ ပြန်လည်းရွေးမပေးဘူး သူတို့ရဲ့အကြွေးတွေလိုက်ဆပ်ပေးရတာကြောင့် သာသာတို့မှာဘာပိုင်ဆိုင်မှုမှမရှိတော့ပါဘူး ပစ္စည်းအနည်းငယ်ပဲကျန်တယ် အခုကအဒေါ်က အိမ်ပေါ်ကဆင်းခိုင်းနေတာ ဘယ်သွားလို့ဘာလုပ်ရမှန်းလဲမသိဘူးရယ် အလုပ်ဆိုရင်လည်း သာစအမိနှစ်ယောက်လုံးစရိတ်ငြိမ်းနေပြီးလုပ်လို့ရမဲ့ဟာမှအဆင်ပြေမှာရယ် မေမေကလည်းအရမ်းငိုတာ ခနခနငိုရတယ် သာသာကတော့ မမြင်ချင်ယောင်ဆောင်‌ရတာပေါ့ ပြီးတော့ ဂရုမစိုက်သလို ဘာမှမဖြစ်သလိုပဲနေရတယ် သာသာပါငိုရင်ပိုစိတ်မကောင်းဖြစ်မှာစိုးတယ် အရမ်းမွန်းကြပ်တာပဲ အရမ်းလည်းစိတ်ညစ်တယ် သူတို့(မေမေ့ရဲ့မောင်နှမတွေ)ဆီကသာသာတို့ရစရာရှိမဲ့ပိုက်ဆံတွေသာရမယ်ဆို အရင်လိုပြန်ပြီးအလုပ်ပြန်လုပ်နိုင်တယ် ဒါမဲ့သူတို့ကိုယ်တိုင်ကိုကပေးစရာမရှိတော့ အတင်းလည်းတောင်းမရပြန်ဘူး .....

ရင်ဖွင့်စာလည်းဟုတ်သလို တောင်းပန်စာလည်းဟုတ်ပါတယ်
သာသာ့ရဲ့ရေးလက်စ ficတွေကို သာသာအဆုံးထိရေးမှာပါ ဒါပေမယ့် updateတွေက မမှန်ပဲကြာကောင်းကြာနိုင်ပါတယ် အဲ့‌အတွက် ဒါဒါလေးတို့ကစောင့်ပေးပါလို့ မေတ္တာရပ်ခံတာပါ.......

ဒီစာလေးက ဒါဒါလေးတို့ကို စိတ်ရှုပ်စေခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်နော်

Revenge To Fall In Love With His Dad ( Completed )Where stories live. Discover now