Part - 10

182 24 10
                                    

/ဟယ်လို...ဟယ်လို Barcode /

"ဟယ်လို Biuဘာဖြစ်လို့လဲ"

/Bleကလေ Bleအကုန်သိသွားပြီ အဟင့်...ဟင့်/

"ဘယ်လို...!!!!"
ရုတ်တရက်အော်ပြီးထလိုက်တာကြောင့် Barcodeပေါင်ပေါ်မှာ ခေါင်းအုံးပြီးအိပ်နေတဲ့ Jeffခဗျာ ဆိုဖာပေါ်ကပင် ပြုတ်ကျသွားတယ်

/အဟင့် Biuဘယ်လိုလုပ်ရမလဲဟင် သူ...သူအခုအိမ်ကထွက်သွားပြီ Biu...Biuဝန်ခံပါတယ် သူ့သားကိုလက်စားချေချင်လို့ သူ့ကိုချည်းကပ်ခဲ့မှန်း ‌ဒါမဲ့ ဟင့် ဒါမဲ့ Biuသူ့ကိုတကယ်ချစ်သွားတာပါ BleကိုBiuတကယ်ချစ်တာပါ BiuလေBiu...သူမရှိပဲမနေနိုင်ဘူး အဟင့်.../

"နေ...နေပါအုံး Biu စိတ်ကိုလျှော့ထားနော် ငါရှိတယ် ငါလိုက်ရှာပေးမယ်နော် ပြန်အဆင်ပြေမှာမို့ စိတ်မပူနဲ့နော် အခုအိမ်မှာမလား ငါလာခဲ့မယ် အိမ်မှာပဲနေ ဘယ်မှမသွားနဲ့ ဘာမှလည်းမလုပ်နဲ့နော် ခနပဲစောင့်"

/အင်း/

"ကလေး ဘာဖြစ်လို့လဲ"

"Biuလေ သူအရမ်းငိုနေတာ Bibleအိမ်ကထွက်သွားလို့တဲ့"

"ဘာ..!!! ဘယ်လိုဖြစ်တာလဲ ရန်ဖြစ်ကြတာလား"

"မဟုတ်ဘူး ပြီးမှရှင်းပြမယ် အရင်ဆုံး သူ့ကိုအရင်လိုက်ရှာလိုက် ကလေးက Biuနဲ့သွားနေပေးလိုက်အုံးမယ်"

"အင်း ကလေးစိတ်ချ ကိုကိုရှာလိုက်မယ်"
_________________
ဝေါ...ဝေါ....ဂျိန်း..!!!!

Biuဧည့်ခန်းထဲမှာ ထိုင်ငိုနေတုန်း မိုးချိန်းသံအကျယ်ကြီးကို ကြားလိုက်ရတယ် မိုးတွေရွာနေတာလား။ Ble..Bleထီးပါမသွားဘူးလေ ဟင့်အင်းမဖြစ်ဘူး Bleမိုးမိလိမ့်မယ်.....

တံခါးပေါက်နားမှာ ချိတ်ထားတဲ့ ထီးတွေထဲက အပြာရောင်ထီးလေးတစ်ချောင်းကို ဆွဲယူပြီး အပြင်ကိုပြေးထွက်သွားခဲ့တယ် ဘယ်ကိုထွက်သွားမှန်းမသိတဲ့သူကို မိုးရေထဲမှာထီးအပြာ‌လေးကိုပိုက်ပြီး ခြေဦးတည့်ရာပြေးကာ လိုက်ရှာနေမိတယ် ချစိရသူမိုးမိမှာစိုးတဲ့ဇောကြောင့် တစ်ကိုယ်လုံးရွှဲရွှဲစိုနေလည်း မမှုမိဘူး ပြောရရင် ဖိနပ်မစီးခဲ့မိတာတောင်မှ သတိမထားမိလေဘူး စိတ်ထဲမှာဘာမှမရှိဘူး မိုးမိရင်အဖျားဝင်တတ်တဲ့ချစ်ရသူကိုစိတ်ပူတဲ့စိတ်သာ ကြီးစိုးလို့နေခဲ့တယ်

Revenge To Fall In Love With His Dad ( Completed )Where stories live. Discover now