Part-6

277 44 11
                                    

ဂျောင်ဟွမ်ကအိပ်ယာဝင်ဘယ်
လောက်နောက်ကျပါစေပုံမှန်ထနေ
ကြအချိန်ဆိုမျက်လုံးကသူ့အလိုလို
ပွင့်လာတော့သည်...

မနေ့ညကစီနီယာကိုအကြာကြီး
ထိုင်ကြည့်နေမိသည်နိုးလာတော့
ခေါင်းနောက်ကျိနေသည်...

ဂျောင်ဟွမ်ဘေးကိုစောင်းကြည့်
လိုက်တော့စီနီယာလေးကအိပ်ပျော်
နေတုန်းပင်...

စီနီယာနိုးမလာခင်ပြင်စရာရှိတာပြင်
ရအောင်ဂျောင်ဟွမ်အမြန်ထလိုက်
သည်...

ဂျောင်ဟွမ်တစ်ယောက်ရေမိုးချိုးပြီး
စီနီယာရှေ့မှာပြသရမဲ့ပုံစံလိုမျိုး
လေးပြင်ပြီးတာ​တောင်ယိုရှီကနိုး
မလာသေးပေ...
ဂျောင်ဟွမ်အိပ်ယာပေါ်ဝင်ထိုင်လိုက်
ပြီးယိုရှီပါးလေးကိုဆွဲဖဲ့ပြီးနှိုးလိုက်
သည်..

"ယိုရှီ...စီနီယာလေး..ထတော့လေ"

"အင်းး..."

ယိုရှီတစ်ယောက်အိပ်ယာကနိုးတစ်
ဝက်မနိုးတစ်ဝက်ဖြစ်နေသည်...

"မား..ကျွန်တော်မထချင်သေးဘူး
ဒီနေ့ကျောင်းပိတ်တာကို"

"ဘာတွေယောင်နေတာလဲ
ထတော့နော်မထရင်ကျွန်တော်
ကိုက်မှာနော်"

ယိုရှီမျက်လုံးဖွင့်လာပြီးသူ့မျက်နှာနား
နီးနေတဲ့ဂျောင်ဟွမ်ကိုကြောင်ကြည့်
နေမိသည်...တစ်အောင့်ကြာမှ

"အားးး..."

"ခွပ်..."

"အ.."

အသံသုံးခုရှေ့ဆင့်နောက်ဆင့်
ထွက်ပေါ်လာတော့သည်...

ယိုရှီလန့်ပြီးအော်လိုက်ပြီးလက်ကလဲ
ဂျောင်ဟွမ်ကိုထိုးပြီးသားဖြစ်နေသည်

"နာလိုက်တာဗျာ...သွေးတောင်ထွက်
သွားပြီ"

"ငါ...ငါမှမသိတာရုတ်တရက်ကြီး
ကိုမင်းကကောဘာလို့အတင်းကပ်
နေတာလဲ"

"ကျွန်တော်ကချစ်လို့လေဗျာ"

"မင်း...တော်ပြီမင်းငါမေးတာပဲဖြေ
ငါဘယ်ရောက်နေတာလဲခေါင်းတွေလဲ
မူးလိုက်တာ"

"ယိုရှီ..အဆင်ပြေရဲ့လား
ကျွန်တော်အမူးပြေစွတ်ပြုတ်လုပ်
ခိုင်းထားတယ်ခနနေသောက်
လိုက်နော်"

ဒီဂျူနီယာလေးကတစ်မျိုးလေးWhere stories live. Discover now