ဂျောင်ဟွမ်ကားကိုမှီကာရပ်နေရင်း
ယိုရှီထွက်အလာကိုစောင့်နေမိသည်
သူတို့ချစ်သူဖြစ်ပြီးထဲကနှစ်ယောက်
အတူတူကောင်းကောင်းမဒိတ်ဖူးပေ
ရန်ဖြစ်လိုက်ပြန်ချော့လိုက်နဲ့လုံးလည်
လိုက်နေခဲ့ရတာများသည်...ဂျောင်ဟွမ်ကတော့ယိုရှီကိုစရတာ
စိတ်တိုအောင်လုပ်ရတာကိုအလွန်
နှစ်သက်သည်သူ့ရဲ့ယိုရှီကစိတ်တိုလို့
အော်နေရင်ပဲဖြစ်ဖြစ်အလိုမကျလို့
ဆူပုတ်နေရင်တောင်အလွန်ချစ်ဖို့
ကောင်းလွန်းသည်....အခုလဲအိမ်ထဲကထွက်လာတဲ့ယိုရှီ
ကတကယ်သိမ်းထားချင်စရာလေးပင်
ဂျင်းနဲ့တီရှပ်အဖြူပေါ်မှာလက်ရှည်
အကွက်အပြာလေးတွဲဖက်ပြီးရိုးရိုး
လေးဝတ်ထားတာကိုပင်ဂျောင်ဟွမ်
ဖွက်ထားချင်မိသည်....ယိုရှီမားတို့ကိုခွင့်တောင်းပြီးဂျောင်ဟွမ်
စီထွက်လာတော့ကားကိုမှီပြီးရပ်စောင့်
နေတဲ့ကောင်လေးကိုကြည့်ပြီးအနည်း
ငယ်ခေါင်းမော့လိုက်မိသည်...ဒါကသူ့ကောင်လေးall black ကို
အထာကျကျဝတ်ထားပြီးအရမ်းကို
မိမိုက်နေတာကသူ့ကောင်လေးလေ
ယိုရှီတစ်ယောက်ထဲပိုင်တဲ့ကလေးလေး
ဂုဏ်ယူပြီးခေါင်းပါမော့နေမိသည်...."ယိုရှီ...ဘယ်သွားချင်လဲ"
ဂျောင်ဟွမ်ပြောတာကိုမဖြေခင်
ယိုရှီဂျောင်ဟွမ်ခါးကိုဖက်လိုက်သည်ဂျောင်ဟွမ်ကရှေ့ကျနေတဲ့ယိုရှီဆံပင်
လေးတွေကိုထိုးဖွလိုက်ရင်းအသံထွက်
ရုံလေးရီလိုက်သည်..."ဂျောင်ဟွမ်ငါတို့အပြင်မသွားပဲနေ
ရအောင်လေ""ဘာလို့လဲ"
"မင်းကိုနှမြောလို့လေငါ့ကလေးလေး
ကအရမ်းမိုက်နေတော့သူများတွေ
လိုက်ကြည့်ကြမယ်ထင်တယ်"ယိုရှီငိုတော့မလိုပုံစံသရုပ်ဆောင်ပြရင်း
ဂျောင်ဟွမ်ကိုစနောက်နေတော့သည်..."ရတယ်မသွားတော့ဘူး"
ဂျောင်ဟွမ်ကယိုရှီခါးကိုလက်နှစ်ဖက်နဲ့
တင်းကြပ်စွာဖက်တွယ်လိုက်ရင်း
ဆက်ပြောလာသည်..."ကျွန်တော်လဲယိုရှီကိုနှမြောတယ်
ကျွန်တော်တို့တစ်နေကုန်အိမ်မှာပဲ
အာဘွားပေးတမ်းဆော့ကြရအောင်"
YOU ARE READING
ဒီဂျူနီယာလေးကတစ်မျိုးလေး
Fanfictionဂျောင်ဟွမ် - စီနီယာမှည့်လေး... ချစ်ဆုံးစီနီယာလေးရေ!!! စီနီယာမှည့်လေး - ငါပုန်းနေတာဒီကလေး မမြင်ပါစေနဲ့....