Part-22

236 39 8
                                    

ယိုရှီဒီနေ့ဂျောင်ဟွမ်လာမခေါ်ခင်ထဲ
ကကျောင်းကိုထွက်ခဲ့လိုက်သည်...

သူတစ်စုံတစ်ယောက်နှင့်ချိန်းထားပါသည်...

"ယိုရှီ!.."

ယိုရှီကိုမြင်တာနဲ့လက်လှမ်းပြနေတဲ့
ယူဟန်ကိုကြည့်ပြီးယိုရှီစိတ်ညစ်သွား
မိသည်...

ပြီးခဲ့တဲ့အပါတ်ကဂျောင်ဟွမ်မအား
တာကြောင့်ယိုရှီတစ်ယောက်ထဲ
ကျောင်းစောစောလာခဲ့မိတာကိုနောင်
တရမိသည်...
'ကျစ်...စာအုပ်သယ်ပေးခဲ့မိတာကို
ကမှားတာ'
ယိုရှီကိုသဘောကျတယ်ဆိုပြီးလိုက်
ကပ်နေတော့သည်ယူဟန်ကလည်သည်
ယိုရှီတစ်ယောက်ထဲရှိတဲ့အချိန်တွေမှ
သာစိတ်ညစ်ဖို့ကောင်းလောက်အောင်
တွယ်ကပ်နေသည်ဒီကြားထဲချစ်သူရှိလဲ
ရအောင်လုမယ်လို့ကပြောသေးတော့
ဒီအကြောင်းတွေကိုဂျောင်ဟွမ်ရဲ့ကို
မသိစေချင်ပါအလကားနေရင်း
သူ့ကလေးလေးစိတ်ရှုပ်သွားမှာသူမလို
လားပါ...
ဒီနေ့တော့ကိစ္စကိုအပြီးဖျက်မှရတော့
မည်ကြာရင်ဂျောင်ဟွမ်လဲအနှေးနဲ့
အမြန်သိသွားနိုင်သည်...
စကား‌နဲ့ပြောမရင်လက်သီးစာကျွေး
ဖို့ထိယိုရှီတွေးလာခဲ့သည်...

"ယိုရှီ...လာထိုင်ကိုယ်မင်းကြိုက်တာ
တွေမှာထားတယ်"

"ယူဟန်..."

"ဟင်.."

"ဟူးး...မင်းလုပ်ရပ်တွေလွန်နေပြီ
ငါ့မှာချစ်သူရှိတယ်"

"ကိုယ်သိတယ်လေယိုရှီပြောတာ
အခါတစ်ရာမကတော့ဘူး
ကိုယ်လဲထပ်ပြောမယ်ယိုရှီကို
သဘောကျတယ်"

ယိုရှီစိတ်တွေပိုညစ်လာသည်
သူဒီကိစ္စကိုဒီတိုင်းလေးပဲပြီးသွားချင်
သည်အကြီးကျယ်တွေမဖြစ်ချင်ပါ

"မင်းဘာသာသဘောကျတာအရေး
မကြီးဘူးငါ့ကိုစိတ်ရှုပ်အောင်လိုက်
လုပ်နေတာတော်ပါတော့ဒီလိုလုပ်
နေလို့ငါမင်းကိုသဘောကျမှာမဟုတ်
ဘူး"

"ဘာလို့လဲ...ကိုယ်က"

"မင်းကဂျောင်ဟွမ်မဟုတ်လို့ပဲ
တလောကလုံးမှာငါအမြဲသဘောကျ
ပြီးအလိုလိုက်ပြီးချစ်ပေးချင်တဲ့သူက
ဂျောင်ဟွမ်တစ်ယောက်ထဲပဲရှိတယ်"

ဒီဂျူနီယာလေးကတစ်မျိုးလေးWhere stories live. Discover now