Part-27

236 36 8
                                    

ဂျွန်ဂယူမူးနောက်နောက်ခံစားချက်နဲ့
အတူမျက်လုံးတွေလေးလံစွာဖွင့်လိုက်
မိသည်...

သူ့လက်တွေကြိုးတုပ်ခံထားရတာကို
သူပထမဆုံးသတိထားလိုက်မိသည်...

"နိုးပြီလား..."

သူဂိုထောင်တစ်ခုထဲရောက်နေသည်
သူ့ရှေ့ကလူနဲ့လူမိုက်လိုလူတွေတော်
တော်များရှိနေသည်....
သူ့ကိုဘာလို့ဖမ်းလာတာပါလိမ့်...

"ခင်ဗျား...ဘယ်သူလဲ"

"ငါဘယ်သူလဲကအရေးမကြီးဘူး
မင်းကောင်လေးလာမကယ်ခင်မင်း
အသက်ပျောက်ဖို့ကအရေးကြီးတယ်"

"ဘာ!..."

ဂျွန်ဂယူမျက်လုံးတွေပြူးကျယ်သွားရ
သည်ဒီလူကသူနဲ့ဘာရန်ညှိုးများရှိလို့
ခုလိုလုပ်နေရတာလဲ...
ဒီလူကိုသူမြင်ဖူးသလိုပင်.…

"အဓိကပွဲမလာခင်ပျော်စရာလေးတွေ
အရင်လုပ်ရမှာပေါ့ငါ့မျှော်လင့်ချက်တွေ
ကိုရိုက်ချတဲ့မင်းရည်းစားရဲ့အသက်လေး
မင်းကိုဖြေးဖြေးချင်းနှိပ်စက်ချင်သေးတာ"

မျက်နှာကိုလာပွတ်သပ်ပြီးပြောနေပုံက
တကယ်ရွံစရာပင်...

"မထိနဲ့..."

"ဟားး...ဒီလိုအချိန်မှာတောင်ခေါင်းမာ
နိုင်သေးတာလားယွန်းမျိုးရိုးကလူရွေး
တော်သားပဲ...တကယ်ကမင်းငို‌ယိုတောင်း
ပန်ရမှာကွလွှတ်ပေးဖို့ကိုလေ"

"အသက်ကြီးနေတော့ဦးနှောက်ပျက်နေ
တယ်ထင်တယ်ငါ့လိုလူကိုပြန်ပေးဆွဲ
လဲဘာမှရမှာမဟုတ်ဘူးပိုင်တာဆိုလို့
ပန်းဆိုင်ပဲရှိတယ်"

"မင်းလူကတော့ပေါပါတယ်"

"အဟက်...သတ်မှာဆိုသတ်တော့
ဘာအပိုတွေပြောနေတာလဲ"

"သတ်မှာပါမပူနဲ့..."

ထိုလူကသူ့လူတွေကိုအချက်ပြလိုက်
တာနဲ့လူတစ်ယောက်ရောက်လာပြီး
သေနတ်တစ်လက်ပေးလာသည်....

"နောက်ဆုံးဆုတောင်းလေးစိတ်ထဲ
မှတ်ပြီးမျက်စိမှိတ်ထားလိုက်"

ဂျွန်ဂယူမျက်စိကိုအသာမှိတ်ပြီး
ဂျယ်ဟော့အကြောင်းသာတွေးနေမိ
သည်သူ့ဘဝမှာတွယ်တာစရာဆိုလို့
ဒီကောင်လေးသာရှိသည်...

ဒီဂျူနီယာလေးကတစ်မျိုးလေးWhere stories live. Discover now