ယိုရှီတစ်ယောက်ဂျောင်ဟွမ်ရေချိုး
နေတာကိုအပြင်ကနေစာဖတ်ရင်းစောင့်
နေရသည်...မစောင့်လို့လဲမရပါဒီရက်ပိုင်းဂျောင်ဟွမ်
ကသူ့ကိုအပျောက်ကိုမခံပေ...ယိုရှီဘွဲ့ရတာနဲ့လက်ထက်ကြရအောင်ဆို
တာကစနောက်တယ်မထင်လိုက်ပါနဲ့
အတည်ကြီးသူဘွဲ့ယူပြီးနောက်နေ့မှာပဲ
မဂ်လာဆောင်မယ်ပဲပြောနေလို့အတော်
တားလိုက်ရသည်...ခုတော့လဲတားမရတော့ပါမနက်ဖြန်
တကယ်ကြီးလက်ထက်ရတော့မည်...ခုထိမယုံကြည်နိုင်သေးပေနောက်ပြီး
ဒီကလေးကတကယ်ပဲသူ့ကိုအဆုံးထိ
ချစ်ပေးနိုင်ပါ့မလားဂျောင်ဟွမ့်အချစ်
ကိုမယုံတာမဟုတ်ပဲကံဆိုတာကြီးကို
သူမယုံရဲပါ..."ယိုရှီ...ဘာတွေတွေးနေတာလဲ"
ဂျောင်ဟွမ်ယိုရှီ့ဘေးနားဝင်လှဲပြီး
မှီထားလိုက်သည်..."ဘာမှမတွေးပါဘူး...စာဖတ်နေတာ"
"ယိုရှီညာနေတာ...စာအုပ်ကြီးကိုင်ပြီး
နံရံကြီးငေးနေတာစာဖတ်နေတာလား"ဒီကလေးကတော့တကယ်လိမ်လို့ကို
မရဘူး..."ဘာလဲမနက်ဖြန်အတွက်တွေးပူနေ
တာလား"မနက်ဖြန်အကြောင်းတွေးလိုက်မိတော့
ယိုရှီမျက်နှာဖြန်းခနဲရဲသွားရသည်..."အင်း...ငါရင်ခုန်လို့"
"ကျွန်တော်ရောပဲ"
ယိုရှီဂျောင်ဟွမ်လည်ပင်းကိုသိုင်းဖတ်
လိုက်ပြီးသူ့မျက်နှာကိုဖွက်ထားလိုက်
မိသည်..."အဟက်...ခင်ဗျားရှက်နေတာလား"
"မရှက်ပါဘူး"
မရှက်ပါဘူးငြင်းပြီးခေါင်းမဖော်လာ
တော့တဲ့ယိုရှီကြောင့်ဂျောင်ဟွမ်အသဲ
ယားပြီးခါးကိုတိုးဖက်လိုက်သည်..."ဂျောင်ဟွမ်ငါမင်းကိုချစ်တယ်"
ယိုရှီစကားကြောင့်ဂျောင်ဟွမ်အသာ
ပြုံးလိုက်သည်..."ယိုရှီ...ကျွန်တော်လဲခင်ဗျားကိုချစ်တယ်
ဟိုးအရင်ခင်ဗျားကိုစတွေ့ပြီးထဲကနေ
နောက်ဆုံးအချိန်ထိခင်ဗျားပဲရှိတာကို
ယုံထားလိုက်"
YOU ARE READING
ဒီဂျူနီယာလေးကတစ်မျိုးလေး
Fanfictionဂျောင်ဟွမ် - စီနီယာမှည့်လေး... ချစ်ဆုံးစီနီယာလေးရေ!!! စီနီယာမှည့်လေး - ငါပုန်းနေတာဒီကလေး မမြင်ပါစေနဲ့....