ဖြူဖျော့ဖျော့အုတ်ဂူလေးနှစ်ခုရှေ့
မှာဂျယ်ဟော့နဲ့ဂျွန်ဂယူရပ်နေကြသည်..."ပါး...မား...ဒီလထဲသိပ်မလာဖြစ်တာ
စိတ်မဆိုးရဘူးနော်မားသဘောကျဆုံး
ပန်းတွေယူလာခဲ့တယ်"ဂျွန်ဂယူမားအကြိုက်ဆုံးဒေစီပန်းစည်း
လေးကိုအုတ်ဂူလေးနှစ်ခုကြားနေရာလေး
မှာတင်လိုက်သည်...မားကပန်းတွေကိုဘယ်လောက်မြတ်နိုး
လိုက်လဲဂျွန်ဂယူပန်းတွေကိုသဘောကျ
မအေတူသားလေးဖြစ်နေခြင်းကြောင့်ပင်"ပထမဆုံးနှုတ်ဆက်ခြင်းပါ...
ကျွန်တော်ဂျွန်ဂယူရဲ့ချစ်သူပါ"ဂျယ်ဟော့သေချာလေးအရိုသေပေးရင်း
နှုတ်ဆက်လိုက်သည်...လေထုကပြန်လည်တိတ်ဆိတ်သွားပြီး
အတူဒူးထောက်ကာထိုင်လိုက်ကြသည်..."မား...မားသာရှိနေရင်ကျွန်တော့်ကိုဆူ
မှာလားဟင်ရည်းစားထားလို့ဆိုပြီး...
အဟက်...မားကဆူမှာမဟုတ်ပါဘူး
အမြဲကျွန်တော်ပျော်ဖို့ပဲဦးစားပေးခဲ့
တာလေ..."ရီနေရင်းဂျွန်ဂယူ့မျက်ဝန်းတွေထဲမျက်
ရည်တွေပြည့်တက်လာတော့သည်..."ဟင့်...ပါးနဲ့မားကိုလွမ်းတယ်..."
ဂျယ်ဟော့ငိုကြွေးနေတဲ့ဂျွန်ဂယူ့ကို
အသာလေးဆွဲဖက်လိုက်သည်..."မငိုပါနဲ့...သူတို့စိတ်မကောင်းဖြစ်သွား
နိုင်တယ်လေ...တိတ်နော်"ဂျယ်ဟော့ပြောလိုက်တော့စီးကျနေတဲ့
မျက်ရည်တွေကိုဂျွန်ဂယူသုတ်ပစ်လိုက်
သည်..."အင်း...မငိုတော့ဘူးငါငိုတာကိုပါးနဲ့မား
ကဘယ်တော့မှသဘောမကျခဲ့ဘူး"အချိန်အတော်ကြာတိတ်ဆိတ်စွာနဲ့ပဲ
ထိုင်နေခဲ့ကြသည်...တစ်ခါတစ်လေမှာတိတ်ဆိတ်ခြင်းက
အရာအားလုံးအတွက်ကောင်းမွန်သည်
မဟုတ်လား..."ပြန်ကြရအောင်..."
ဂျယ်ဟော့ဂျွန်ဂယူ့ဘေးမှာတိတ်ဆိတ်
စွာရှိနေပေးခဲ့ပြီးပြန်ရအောင်ဆိုမှ
နောက်ဆုံးကြိမ်ဂျွန်ဂယူနဲ့အတူဂါရဝ
ပြုလိုက်သည်..."ဂျွန်ဂယူသွားနှင့်ကိုယ်နောက်ကလိုက်
ခဲ့မယ်""ဘာလုပ်မလို့လဲ.."
YOU ARE READING
ဒီဂျူနီယာလေးကတစ်မျိုးလေး
Fanfictionဂျောင်ဟွမ် - စီနီယာမှည့်လေး... ချစ်ဆုံးစီနီယာလေးရေ!!! စီနီယာမှည့်လေး - ငါပုန်းနေတာဒီကလေး မမြင်ပါစေနဲ့....