မားတို့ကယိုရှီကိုခနလောက်နားပါဦး
ဆိုပြီးအတင်းပြောနေကြတာမို့ဆေးရုံ
ဝန်းထဲမှာပဲလမ်းလေးလျှောက်နေစဉ်
မားကဂျောင်ဟွမ်သတိရပြီဆိုပြီးဖုန်း
ဆက်လာတာမို့အပြေးတစ်ပိုင်းလာခဲ့
ရသည်....ဝုန်း...
တံခါးဖွင့်သံကအနည်းငယ်ကျယ်သွား
ရတဲ့အထိယိုရှီစိတ်တွေလောနေခဲ့သည်...ဂျောင်ဟွမ်ကမှီပြီးထိုင်နေရင်းယိုရှီကို
မြင်တော့မျက်နှာလွှဲသွားခဲ့သည်...မိဘတွေကအလိုက်သိစွာပင်သူတို့နှစ်
ယောက်ထဲထားပေးခဲ့ပြီးထွက်သွားခဲ့
ကြသည်...."ဂျောင်...ဂျောင်ဟွမ်"
ယိုရှီမဝံ့မရဲတဖြေးဖြေးတိုးကပ်ရင်း
ခေါ်လိုက်မိသည်...ဂျောင်ဟွမ်ကတော့မျက်နှာလွှဲထားစဲပင်...
"ဂျောင်ဟွမ်နေရတာအဆင်ပြေ..."
"မထိနဲ့..."
ဂျောင်ဟွမ်လက်မောင်းကိုကိုင်လိုက်မိ
တဲ့ယိုရှီလက်လေးတွေအသာနောက်ဆုတ်
လိုက်ရသည်..."ငါ့ကိုစိတ်ဆိုးနေတာလား...
ငါဘာအမှားလုပ်မိလို့လဲ...အဲ့လိုကြီး
မနေပါနဲ့...""..."
ဂျောင်ဟွမ်ကတိတ်ဆိတ်နေစဲပင်...
ယိုရှီစိတ်မရှည်တော့ပဲဂျောင်ဟွမ်ကိုသူ့
ဘက်ဆွဲလှည့်လိုက်သည်..."ငါ့ကိုတော့ကြည့်ပါဦး...ငါအများကြီး
စိတ်ပူနေခဲ့တာမို့...""အပိုပြောမနေနဲ့!!..."
ဂျောင်ဟွမ်အော်သံကြောင့်ယိုရှီလန့်
သွားရသည်..."ဂျောင်..ဂျောင်ဟွမ်ဘာလို့အော်တာလဲ"
ယိုရှီမျက်ရည်တွေလျှံတက်လာသည်...
ငိုချင်ရက်လက်တို့ဆိုသလိုဒီရက်ပိုင်း
သူ့စိတ်တွေတင်းထားခဲ့ရတာကောပေါင်း
ပြီးမျက်ရည်တွေထိန်းမရအောင်ကျလာ
တော့သည်..."ခင်ဗျား...မငိုနဲ့အခုတိတ်!!..."
ဂျောင်ဟွမ်ကယိုရှီကော်လံစကိုဆွဲပြီး
သူ့မျက်နှာနားနီးကပ်စေလိုက်သည်...
YOU ARE READING
ဒီဂျူနီယာလေးကတစ်မျိုးလေး
Fanfictionဂျောင်ဟွမ် - စီနီယာမှည့်လေး... ချစ်ဆုံးစီနီယာလေးရေ!!! စီနီယာမှည့်လေး - ငါပုန်းနေတာဒီကလေး မမြင်ပါစေနဲ့....