ကျွန်တော့်နာမည်က ဝူရွေ့ ပါ...။
ကျွွန်တော်က မြို့သေးသေးလေးမှာနေထိုင်တဲ့
အသက်၂၀အရွယ်
သာမန်ရုံးဝန်ထမ်းလေးတစ်ယောက်ပါပဲ...။
ဟုတ်ပြီ...
တကယ်တော့ အရင်ကဖြစ်ခဲ့တာပေါ့...။ကျွန်တော် လွန်ခဲ့တဲ့၃လကပဲ
အလုပ်ထုတ်ခံလိုက်ရတယ်...။
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော့်သူေဋ္ဌးပြောပုံအရဆိုရင်
'ကျွန်တော့်ရဲ့အဆိုးမြင်တတ်တဲ့အကျင့်က
တခြားဝန်ထမ်းတွေအပေါ်မှာပါ
စိတ်ဓာတ်လျော့ရဲစရာ
ဖြစ်လာစေနိုင်တယ်' တဲ့
သူသာ ကျွန်တော့်ကို
'မင်းက အလုပ်မှာ အရမ်းပျင်းတယ်၊
အလုပ်ကိုသေချာမလုပ်ဘူး' လို့
ပြောခဲ့ရင်တောင်
'ဒါကြီးကမှားနေတယ်'လို့ ပြန်ပြောနိုင်အုံးမှာ...။
ဘယ်လိုပဲဖြစ်ဖြစ်...ကျွန်တော်ဝန်ခံပါတယ်။
ကျွန်တော် အရင်က မူးယစ်ဆေးအတော်လေး
သုံးခဲ့မိတယ်...။ ဒါကို ပေါ့ပေါ့ပါးပါးပဲ
သဘောထားလိုက်ပါတော့...။ဒီနေ့ကိုပဲဥပမာပြောပြမယ်...
ကျွန်တော် ဒီနေ့တနေကုန်
ဘာမှလည်းမစားရသေးဘူး...
အိပ်လည်းမအိပ်ရသေးဘူး
အိပ်ရာပေါ်ကနေကို လုံးဝမထရသေးတာ....။
အခုက နေ့လယ်ခင်းဖြစ်နေပြီ...
ဒါပေမဲ့ အေျခအေနႀကီးက ဘာမှထူးထူးခြားခြား
ပြောင်းလဲလာမဲ့ပုံလည်း မရှိဘူးဗျ...။အခုကေန နောက်နာရီပေါင်းများစွာအထိ
ကျွန်တော့်ရဲ့ဒူးတွေကို ပြန်ပိုက်ထားပြီး
မီးတွေအားလုံးအမှောင်ချထားတဲ့အခန်းထဲမှာ
မှောင်မည်းနေတဲ့မြင်ကွင်းကို စိုက်ကြည့်နေရင်းနဲ့
ကျွန်တော့်ကိုကျွန်ေတော်
ဒီနေရာမှာပြန်ရှာဖွေနေမိအုံးမယ်ထင််တယ်...။"ဒေါက်...ဒေါက်...!"
သိမ်မွေ့တဲ့ တံခါးခေါက်သံတစ်ခု
တံခါးဆီကေန ထြက္လာတာကို ကြားလိုက်ရတယ်...။ကျွန်တော် တံခါးဆီကိုလှမ်းကြည့်လိုက်တယ်...။
တံခါးကိုကြောက်ရွံ့မှုတွေ တွဲခိုနေတဲ့
မျက်လုံးနဲ့ စိုက်ကြည့်နေမိတယ်။
ကျွန်တော့်ရဲ့ကျောထဲကနေ
တောင့်တင်းနေသလိုခံစားလိုက်ရတယ်...။အချိန်အကြာကြီး ဒီပုံစံတစ်မျိုးတည်းနဲ့ထိုင်နေမိတာရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်မယ်ထင်တယ်...။
YOU ARE READING
သရဲအိမ်ထဲမှ ဧည့်သည်တစ်ယောက် 👻
Mystery / Thriller၃ရက်ပြည့်တိုင်း ဓာတ်ပုံ၃ပုံပါတဲ့ စာအိတ်တစ်အိတ်ကို ရနေတဲ့ ဝူရွေ့ဆိုတဲ့ လူငယ်တစ်ယောက် ကိုယ်ဖတ်ချင်လို့ ကိုယ်tranတာပါရှင့် မူရင်းauthorကို creditပေးပါတယ်နော်