အခန်း (၂) အဝေးကိုထွက်ပြေးဖို့ကြိုးစားခြင်း

2 2 2
                                    

အခန်း ၂ (ပထမပိုင်း)

အဖြူရောင်စာအိတ်ကတော့
ကျွန်တော့်ရှေ့မှာရှိနေပြီ...။
ကျွန်တော် စာအိတ်ကိုစိုက်ကြည့်နေမိတယ်...။
ဒီ ဗြောင်(ပြောင်)ဖြစ်နေတဲ့
စာအိတ်အဖြူရောင်ကြီးပေါ်မှာ ပါတဲ့
တစ်ခုတည်းသောအချက်အလက်က
စာကိုလက်ခံတဲ့အိမ်ရဲ့လိပ်စာပဲ...။
ပို့လိုက်တဲ့သူရဲ့လိပ်စာလည်း မပါဘူးဗ်...။
စာအိတ်ရဲ့လွတ်နေတဲ့နေရာမှာရှိတဲ့
မျက်လုံးတစ်လုံးရဲ့ပုံနေရာမှာ
ပို့လိုက်တဲ့သူရဲ့လိပ်စာရှိနေသင့်တယ်ထင်တာပဲ...။
ဒီမျက်လုံးပုံက စိတ်ဖောက်ပြန်နေတဲ့
ကလေးတစ်ယောက်ဆွဲထားသလိုပဲ!
ဘာလို့လဲဆိုတော့ မျက်လုံးရဲ့ပုံက
တွန့်လိမ်ကောက်ကွေးပြီးတော့
ထူးဆန်းတဲ့ပုံစံကြီးဖြစ်နေတယ်လေ...။

ကျွန်တော် အဲ့ဒီနေရာမှာပဲ
တနေ့ခင်းလုံးထိုင်နေပြီးတော့
စာအိတ္ကို စိုက်ကြည့်နေမိတယ်။
နေရဲ့နောက်ဆုံးရောင်ခြည်က
ဖွင့်ထားတဲ့ပြတင်းပေါက်ကိုဖြတ်ပြီး စာအိတ်ပေါ်ကို တိုက်ရိုက်ကျလာတဲ့အချိန်ထိပေါ့...။

ကျွန်တော့်လက်ကို ဆန့်ထုတ်လိုက်တယ်။
အရိုးသားဆုံးပြောရမယ်ဆိုရင်တော့...
ကမ်ဘာကြီးပေါ်မှာဘာတွေဖြစ်နေလဲ
ဘာတွေရှာတွေ့ပြီလဲ ဆိုတာကို လေ့လာဖို့
ကျွန်တော် ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဖူးဘူးဗျ...။

ဘာပဲဖြစ်ဖြစ်ပါ..ကျွန်တော်
စာအိတ္ကို ကောက်ယူလိုက်တယ်။
တစ်စုံတစ်ရာက ကျွန်တော့်ကို
ဒီလိုလုပ်ဖို့ တွန်းအားပေးလိုက်သလိုမျိုးပဲ...
(စာအိတ်ကိုလှမ်းယူလိုက်ဖို့)

ကျွန်တော် စာအိတ္ကို
ဖောက်ဖို့ပေးထားတဲ့အရာလေးပေါ်ကနေ
အသာလေးဆုတ်ဖြဲလိုက်တာနဲ့
ဓာတ်ပုံအချို့ထွက်ကျလာတယ်...။
ဓာတ်ပုံကစုစုပေါင်း၃ပုံရှိတယ်ရယ်...။

ဒီလောက်ဆိုလုံလောက်ပါပြီ...
စာအိတ်ထဲမှာ ဓာတ်ပုံ၃ပုံပါတာက
အမြဲတမ်းလိုလိုပါပဲ...။
ဓာတ်ပုံတွေဟာ သေချာဂရုတစိုက်စီပြီး
အစီစဉ်တကျပစ်ချလို်က်သလိုမျိုး
အိပ်ရာပေါ်ကို ဖြည်းညင်းစွာပြုတ်ကျသွားတယ်...။

ကျွန်တော် အချိန်အကြာကြီးတွေဝေနေမိတယ်...။တွေဝေနေမိတယ်...။
နောက်ဆုံးတော့...ကျွန်တော့်ရဲ့
တုန်ယင်နေတဲ့လက်တွေနဲ့
ဒီပုံတွေကို ထပ်ကောက်ယူလိုက်မိပြန်ပြီ...
အပြင်ဘက်မှာတော့
ကောင်းကင်က ချက်ချင်းကြီးမှောင်မည်းလာပြီ...။

သရဲအိမ်ထဲမှ ဧည့်သည်တစ်ယောက် 👻Where stories live. Discover now