အခန်း(၂) [ဒုတိယပိုင်း]

5 2 0
                                    

အခန်း (၂)
အပိုင်း (၂)

အဲ့ဒီတုန်းက
အပြင်မှာ မှောင်နေခဲ့တယ်.....
အချိန်ကိုက်ပဲ...ကျွန်တော့်နှိုးစက်ကလည်း ၇နာရီခွဲမှာ ထမြည်လာခဲ့တယ်။

ကျွန်တော်လည်း အိပ်ရာခေါင်းရင်းက
TV remoteကို ခပ်ဖြည်းဖြည်းကောက်ယူပြီး TVကိုဖွင့်လိုက်တယ်...။
ပြည်တွင်းသတင်းချန်နယ်ပဲ
ပေါ်လာတယ်...ဒီလိုင်းကကျွန်တော်
လပေါင်းများစွာမပြောင်းဘဲ
ထားခဲ့တဲ့ချန်နယ်ပဲ...။

ကျွန်တော် သတင်းတွေကို
အဓိပ္ပါယ်မဲ့ထိုင်ကြည့်နေလိုက်တယ်၊
သတင်းအသစ်တစ်ခုပေါ်မလာခင်အချိန်အထိပေါ့...။
သတင်းက​တော့ 'မနက်ခင်းမှာ အပြေးလေ့ကျင့်တဲ့လူတစ်စုဟာ
မြစ်ကမ်းနံဘေးမှာ အလောင်းတစ်လောင်းကို တွေ့ရှိခြင်း' တဲ့...။
ရဲတွေက အခင်းဖြစ်နေရာကို
ချက်ချင်းရောက်သွားကြပြီး
မှုခင်းဆရာဝန်တွေနဲ့အတူ
စစ်ဆေးကြတယ်...။

ဒီနစ်နာသူဟာ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အသက်၁၈နှစ်လောက်ပဲ ရှိအုံးမယ်လို့ ယူဆရတယ်...။
သူ(မ)ရဲ့သေဆုံးချိန်က
တစ်နာရီဝန်းကျင်​လောက်ကဖြစ်မယ်။
ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှု လို့လည်း
ကောက်ချက်ချတယ်...။
လက်ရှိအခြေအနေမှာတော့...
သေသူဟာ မည်သူဖြစ်ကြောင်း..
နစ်နာသူရဲ့သေဆုံးမှုဖြစ်စဉ်တွေကို
အတည်ပြုနေဆဲဖြစ်ကြောင်း.....။

သတင်းကိုကြည့်ပြီးနောက်...
ကျွန်တော် TVကို ပိတ်ပစ်လိုက်တယ်။ ကျွန်တော့်ဆီရောက်လာတဲ့
ဓာတ်ပုံထဲကလူတွေအားလုံးက
နေ့စဉ်သတင်းတွေမှာ ပါမလာပေမဲ့
သူတို့ထဲကအများစုကတော့
သတင်းထဲပါလာကြတယ်...။
သတင်းထဲပါမလာတဲ့လူအနည်းစုကတော့ သူတို့ရဲ့အလောင်းတွေကို
ရဲတွေရှာမတွေ့သေးလို့ပဲဖြစ်မှာပါ။

၃ရက်ကိုတစ်ကြိမ် ကျွန်တော်
အဲ့ဒီဓာတ်ပုံတွေကို ရခဲ့တုန်းကတည်းက ဒီလူတွေဟာ အပြင်မှာအသက်ရှင်လျက်မရှိနိုင်လောက်ကြတော့ဘူး လို့ ကျွန်တော်သိနေခဲ့တာပါပဲ။
ဒီကိစ္စကြီးတစ်ခုလုံးက ပုံမှန်ဖြစ်ရိုး
ဖြစ်စဉ်လိုပဲ လည်ပတ်နေခဲ့ပါတယ်...။

ကျွန်တော် အခန်းထဲက
မီးတွေအားလုံးကို လိုက်ဖွင့်ခဲ့တယ်...။
စားပွဲတင်မီးအိမ်နဲ့ ဖုန်းflashမီးကိုတောင် ဖွင့်ထားလိုက်တယ်...။
ဖုန်းမီးကိုတော့ ကုတင်ခြေရင်းဘက်ကို
အလင်းပေးနိုင်အောင်လို့
နည်းနည်းထူတဲ့စာအုပ်တွေ​ပေါ်မှာ
ဖုန်းကိုမှီပြီး ထောင်ထားလိုက်တယ်။

သရဲအိမ်ထဲမှ ဧည့်သည်တစ်ယောက် 👻Where stories live. Discover now