အခန်း (၃) စာအိတ်ကိုဖွင့်ခြင်း

1 1 0
                                    

မစ္စတာ ထန့် ရဲ့ စိုးရိမ်တဲ့စကားသံတွေကို
ဥပေက္ခာပြုခဲ့ပြီး အခန်းတံခါးကိုပိတ်လိုက်တယ်...။
အိပ်ရာပေါ်ထိုင်လိုက်ပြီးတာနဲ့ ကျွန်တော်နဲ့ရင်းနှီးနေတဲ့
မျက်လုံးပုံဆွဲထားတဲ့စာအိတ်အဖြူကြီးကို
လက်ထဲမှာကိုင်ထားမိတယ်။

စာအိတ်ကိုဖောက်မကြည့်ခင်
ကျွန်တော် အကြာကြီးတိတ်ဆိတ်နေမိသေးတယ်...။
အရင်အခေါက်တွေတုန်းကလိုပါပဲ...
အထဲမှာ ဓာတ်ပုံ၃ပုံပါတယ်။

ပထမဆုံးပုံက အသက်၆နှစ်လောက်ရှိမဲ့
ခပ်ချဉ်ချဉ်မျက်နှာပေါက်နဲ့
ကောင်ကလေးတစ်ယောက်ရဲ့ဓာတ်ပုံပဲ...။
သူဟာ ကျောင်းဝတ်စုံအဖြူရောင်ကိုဝတ်ထားပြီး
သူ့နဖူးအလယ်တည့်တည့်မှာ
အနီရောင်အစက်တစ်စက်လည်းရှိနေသေးတယ်။

သူဟာ ပြောင်ချော်ချော်မျက်နှာထားလုပ်ပြနေပြီးတော့
သူ့နောက်မှာကျောင်းသားမိဘတွေနဲ့
ကလေးတွေ အများကြီးရှိနေတယ်...။
ကျွန်တော်နောက်ဆုံးသတိထားမိခဲ့တဲ့အရာကတာ့
ခပ်ဝေးဝေးက ခြံစည်းရိုးပေါ်မှာ ရေးထားတာက
'ပျော်ရွှင်ဖွယ်ရာ ကမ္ဘာ့ကလေးများနေ့၊
ဇွန်လ ၁ရက်နေ့' တဲ့...။

ဒုတိယဓာတ်ပုံကတော့
ကောင်လေးဟာ အရမ်းကျဉ်းတဲ့နေရာလေးတစ်ခုထဲမှာ
ထိုးသိပ်ထည့်ခံထားရပြီး
သူ့ရဲ့ကွေးနေတဲ့ခြေထောက်တွေက
သူ့ခေါင်းလေးပေါ်ကို ဖိမိနေတယ်...။
သူ့မျက်နှာက နှင်းတွေလိုဖြူဖျော့နေပြီးတော့
သူ့ဆံပင်နဲ့မျက်ခုံးတွေ​ပေါ်မှာ
နှင်းပွင့်တွေ ကပ်တွယ်နေသေးတယ်။

တတိယမြောက်ပုံကတော့ ကောင်ကလေးဟာ
လမ်းမပေါ်မှာတစ်ယောက်တည်းရပ်နေတယ်...။
သူ့ရဲ့အဝတ်အစားတွေက
ကြီးမားပြီးဖောင်းပွနေတော့
ကြည့်ရတာ အရမ်းထူးဆန်းနေသလိုပဲ...။
သူ့ကို အဖြူရောင်မြူခိုးတွေကဝန်းရံထားပြီး
သူ့ရဲ့မျက်ခုံးနဲ့ဆံပင်​တွေကဟာလည်း
အဖြူရောင်ဖြစ်နေတယ်...။

ကျွန်တော့်လက်တွေ အရမ်းကို
ဆိုးဆိုးရွားရွားတုန်ယင်လာပြီးတော့
ဓာတ်ပုံက အောက်ကိုပြုတ်ကျသွားတယ်...။
ဒီလိုထူးဆန်းတဲ့ဓာတ်ပုံတွေကို
ကျွန်တော်အများကြီးမြင်ဖူးပါတယ်။
အရင်ကပုံတွေကလည်း
အတော်လေးကြောက်ဖို့ကောင်းခဲ့ပါတယ်။
ဒါပေမဲ့ အခုလောက်ကြောက်စရာကောင်းတဲ့ပုံကိုတော့
မမြင်ခဲ့ဖူးဘူး။

သရဲအိမ်ထဲမှ ဧည့်သည်တစ်ယောက် 👻Where stories live. Discover now