အခန္း (၆) ဒ႑ာရီ

1 0 0
                                    

'ဝူ! မင်းအပြင်သွားမလို့လား?'

ဘေးအိမ်ကအဖွားဟာ လက်ထဲမှာ
ဟင်းသီးဟင်းရွက်တွေအပြည့်ကိုင်လာပြီးတော့
ကျွန်တော့်ဆီလျှောက်လာနေတယ်...။

ကျွန်တော် ပြုံးဖို့အတော်လေးအားထုတ်လို်က်ရတယ်..။

သူ့ကိုမြင်တော့မှ ကျွန်တော်မသွားခင်လေး
ကျွန်တော့်မှာရှိတဲ့ကောင်လေးရဲ့ဓာတ်ပုံကို ပြပြီး
မေးဖို့ သတိရသွားတယ်...။

ကျွန်တော် ခပ်မြန်မြန်ပဲ နောက်ကိုလှည့်ပြီး ဓာတ်ပုံကိုသူ(မ)ရှေ့မှာထောင်ပြလိုက်တယ်...။
'အန္တီ ဒီကောင်လေးကိုသိလား?'

ကျွန်တော့်အိမ်နီးချင်းက ဓာတ်ပုံကို
တချက်ကြည့်လိုက်တယ်...။
သူ(မ)က ကျွန်တော့်ကို သံသယမျက်လုံးနဲ့ကြည့်ပြီးတော့
ပြောတယ်...
'ဒီပုံက ဗလာကြီးပဲ...လာနောက်နေတာလား?'

ကျွန်တော် အသက်ကိုခပ်ပြင်းပြင်း
ရှူသွင်းလိုက်ပြီး သူ(မ)ကို တောင်းပန်လိုက်တယ်...။
ကျွန်တော့်နှလုံးသားကို အမှောင်ယံကြီးတစ်ခုက
ဖုံးအုပ်ထားသလိုခံစားလိုက်ရတယ်။
ကျွန်တော်တို့မိသားစုက တကယ်ကံမကောင်းတာပဲ...။
ဘာလို့ ဒီလိုကိစ္စမျိုးတွေက
ကျွန်တော့်ဆီမှာပဲ လာဖြစ်နေရတာလဲ?

ကျွန်တော် ချက်ချင်းတော့ လက်မလျှော့ချင်သေးဘူး...။
ဒီတော့ တခြားလူတွေကိုလည်း
လိုက်မေးကြည့်သေးတယ်...။

အချို့က ကျွန်တော့်ရဲ့အသိမိတ်ဆွေတွေ...
အချို့က သူစိမ်းတွေပေါ့...။
ဒါပေမဲ့လည်း ဒီဓာတ်ပုံတွေဟာ
သူတို့အတွက် လုံးဝကိုဗလာကြီးဖြစ်နေတာပဲ...။

လူတိုင်းဆီကနေ ဝေခွဲမရတဲ့အကြည့်တွေကိုရရှိခဲ့ပြီး
ကျွန်တော်ရူးနေတယ်လို့ တွေးသွားကြတဲ့ပုံပဲ...။
ကျွန်တော့်နှလုံးသားတွေအေးခဲလာတယ် လို့
ခံစားရတယ်...။
ဒီအကြောင်းအရင်းတွေကို ရင်ဆိုင်ဖို့
ကျွန်တော့်အတွက် မလြယ္ကူပါဘူး။
ကျွန်တော် အံ့ဩနေတုန်းပဲ...
အမေနဲ့ရွှယ်အာက ဘာလို့မြင်ရတာလဲ?

ဒီလိုကြောက်စရာကိစ္စတွေမှာ
သူတို့ပါလာတာထက်စာရင်
ကျွန်တော်တစ်ယောက်တည်းရင်ဆို်င်ရတာကမှ
ပိုသည်းခံနိုင်သေးတယ်...။

သရဲအိမ်ထဲမှ ဧည့်သည်တစ်ယောက် 👻Where stories live. Discover now