အခန်း (၇) အသုဘပစ္စည်းဆိုင်ကအဖွားအို

1 0 0
                                    

ဒီလိုစည်ကားတဲ့ဆိုင်ခန်းတွေထဲမှာ
ဒီလူသေအဝတ်အစားရောင်းတဲ့ဆိုင်ကိုတွေ့ရတာ
ကျွန်တော့်အတွက် ဒါပထမဆုံးအကြိမ်ပဲ...။
ဒါပေမဲ့...ကျွန်တော်ထပ်စဉ်းစားမိတာက...
ဘယ္သူကမ်ား ဒီလိုဆိုင်ကို
သရဲအိမ်ကြီးနဲ့ဒီလောက်နီးတဲ့နေရာမှာ
လာဖွင့်ထားရဲသေးတာလဲ လို့..။

ဒီအဆောက်အအုံကြီးဟာ ကြောက်ဖို့ကောင်းပေမဲ့လည်း...
သူ့ရဲ့ထင်ရှားတဲ့ပုံစံကြောင့်
ကမ်ဘာလှည့်ခရီးသွားတွေရဲ့မျက်စိကျစရာဖြစ်နေတယ်...။
လူငယ်လေးတွေအများစုကလည်း
ဒီအိမ်ကြီးကိုနောက်ခံထားပြီး
ဓာတ်ပုံတွေတောင် ရိုက်နေကြသေးတယ်...။

ကျွန်တော် တခဏတွေဝေသွားတယ်..။
ကျွန်တော်ဒီကိုရောက်လာရတဲ့အကြောင်းရင်းက
ဓာတ်ပုံ၃ပုံနဲ့ပတ်သက်ပြီး
ဖြစ်နိုင်ချေရှိတဲ့အဖြေတစ်ခုခုကို ရှာချင်လို့လေ...။
ဒီတော့...ဒီလူသေအကျႌဆိုင်က
အခြားဆိုင်ခန်းတွေထက်စာရင်
သတင်းအချက်အလက်တွေရရှိဖို့်
ပိုကောင်းတဲ့နေရာဖြစ်နိုင်လိမ့်မယ် လို့ ထင်မိတယ်...။

ဆိုင်ခန်းတံခါးနားကို ကျွန်တော်ချဉ်းကပ်လိုက်မိတာနဲ့...
ဆိုင်ထဲကအဖွားအိုရဲ့အသံတိုးတိုးလေးကို
လှမ်းကြားလိုက်ရတယ်...။
'သူတို့ဓာတ်ပုံရိုက်ကြရုံပါ...
သူတို့ကဓာတ်ပုံရိုက်ရတာကို ကြိုက်ကြတယ်...'

ဓာတ်ပုံအကြောင်းပြောလိုက်တာနဲ့
ကျွန်တော့်နှလုံးသားတွေအေးခဲသွားတယ်...။
ဓာတ်ပုံရိုက်နေကြတဲ့လူတွေကို တချက်လှမ်းကြည့်ပြီးတော့
အဖြားအိုကို လှမ်းမေးဖို့ သတ္တိမွေးလို်က်တယ်...
'တဆိတ်လောက်ပါ...
အဖွားရေ..ဓာတ်ပုံတွေအကြောင်းကို
ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ?'

အဖွားအိုက ယင်ကောင်တွေကို ယမ်းထုတ်နေရင်းနဲ့
ကျွန်တော့်ကို
သူ့ရဲ့မှုန်မှိုင်းနေတဲ့မျက်လုံးအစုံနဲ့ လှမ်းကြည့်တယ်...။

အဖွားအိုရဲ့တုံ့ပြန်မှုကို ကျွန်တော်စောင့်နေခဲ့တယ်...။
ကျွန်တော်ဘာပြောလိုက်လဲဆိုတာကို
သူ(မ)သေချာကြားလိုက်မှန်းကျွန်တော်သိပါတယ်...
ဒါပေမဲ့...သူ(မ)ဘာမှပြန်မဖြေခဲ့ပါဘူး...။
အဲ့ဒီအတောအတွင်းမှာ...
ကျွန်တော် သူ(မ)ကို ဘာထပ်ပြောရမှန်း မသိတော့ဘူး...။
အကယ်၍..ဒီဆိုင်သာ
အခြားပစ္စည်းတွေရောင်းတဲ့ဆိုင်ဆိုရင်
ကျွန်တော် တခုခုဝယ်သလိုပုံစံမျိုးဟန်ဆောင်ပြီး
ဆိုင်ရှင်နဲ့စကားအချို့ဖလှယ်လို့ရသေးတယ်...။
ဒါပေမဲ့..အဓိကပြဿနာက
ဒီဆိုင်ဟာ နာရေးအကျႌရောင်းတဲ့ဆိုင်ဖြစ်နေတယ်...။
လူတွေရဲ့ဝမ်းနည်းပူဆွေးမှုကိုဖော်ပြဖို့
အဓိပ္ပါယ်နဲ့ရောင်းတဲ့ အဝတ်အစားတွေပေါ့...။

You've reached the end of published parts.

⏰ Last updated: Sep 16, 2023 ⏰

Add this story to your Library to get notified about new parts!

သရဲအိမ်ထဲမှ ဧည့်သည်တစ်ယောက် 👻Where stories live. Discover now