ဘယ်အရာဖြစ်ချင်မှန်းမသိ
ဦးတည်ချက်မဲ့
ပြောမိတဲ့စကားလုံးရိုင်းရိုင်းတွေရော၊
ချမိတဲ့ ဆုံးဖြတ်ချက်တွေကိုရော
ပြန်အမှတ်ရပါတယ် ။
တစ်ခါတစ်လေ
ကိုယ်တန်ဖိုးထားတဲ့အရာတွေဟာလည်း
အခြားသူအမြင်မှာ တစ်ရာဖိုးသုံးပုဒ်ဖြစ်လာတတ်တာပါပဲထားခဲ့မိတဲ့ မေတ္တာတွေလည်း
ပြန်ရုတ်သိမ်းပါတယ်
အိမ်မက်တွေထိ နေရာပေးခဲ့မိလို့
အားနာရပါတယ်
ဒီလောက်ထိ မစွန့်နိုင်ဖြစ်နေတဲ့
နာမ်ကိုလည်းအားနာရတယ်
အလိုအလျောက်ဦးစားပေးနေမိတဲ့
ရုပ်က်ိုလည်း အားနာရတယ်
ခံစားမိတာ နေမဝင်အင်ပါယာဆိုပေမဲ့
ခုထိ မဖတ်ဖြစ်သေးတဲ့ စာအုပ်အဟောင်းလေးကိုလည်း အားနာရပါတယ်
