အာဒံဟာ ဧဝအတွက် နံရိုးတစ်ချောင်းထက်
ပိုနိုင်သလို
အစ်မအတွက် နံရိုးတစ်ချောင်းဖြစ်ခွင့်တောင်မရခဲ့တဲ့ ကျွန်တော်ရဲ့
ချစ်ခြင်းမေတ္တာက စိတ္တဇနာမ်တစ်ခုထက်
ပိုနိုင်တယ်လို့ အစ်မ သတိထားမိခဲ့လား. ။ပထမလူ အဖြစ် ကံကောင်းပြီး
တွေ့ခဲ့ရသော်ငြား.. ပြန်လည်ရုတ်သိမ်း
ခံရမှုတွေအတွက် ကျွန်တော် ဒုတိယလူ
အဖြစ်နဲ့လည်း ကျေနပ်နိုင်ပါတယ်။အမှန်အတိုင်း ပြောရရင်တော့
စိတ်ပျက်စရာခါးသီးမှုတွေအတွက်
ကျွန်တော် ရှက်မိတယ်
သိပ်ဝမ်းနည်းတယ် ။ကျွန်တော်ဟာ ယှဥ်ပြိုင်လိုစိတ်ကြီးမားသူဆိုတဲ့အချက်ကိုလည်း အစ်မ သတိထားမိချင်မှ
မိမှာပါ ..
ဒီလိုနဲ့ ကျွန်တော်ဟာ အရံခုံလေးမှာပဲ
ငြိမ်ငြိမ်သက်သက်ထိုင်နေပြီး
အစ်မနဲ့ အစ်မလူ ပျော်နေတာကို
ကျေကျေနပ်နပ်လေး ကြည့်ခဲ့ပါတယ် ။
မျက်ရည်မထွက်ပဲ ရင်ဘတ်တွေချည်း
အောင့်လာတာမျိုးကို ကျွန်တော်အမှန်တကယ်ကြီး ခံစားရတာပါ ။ကျွန်တော် ညာတာ
ကျွန်တော် အစ်မအကြောင်းတွေးပြီး
ညတိုင်း ငိုဖြစ်တယ်အစ်မက
အမေဝယ်ပေးခဲ့တဲ့ တီရှပ်အဖြူလေးထက်
ကျွန်တော် မြတ်နိုးမိခဲ့တဲ့ အကြီးကျယ်ဆုံး
သက်ရှိပါပဲ ။တကယ်တမ်းကျတော့
ကျွန်တော်က ကိုယ်ပိုင် ကမ္ဘာရော
အစ်မ ကမ္ဘာထဲရော ခြေတစ်ချတောင်
နေရာမရှိခဲ့တဲ့ကောင်ပါ ။
ကျွန်တော့စကားလုံးတွေကို
ဘယ်သူမှ သောက်ဂရုမစိုက်တောင်
အစ်မက ကြင်နာခဲ့ဖူးတယ် ။
ကျွန်တော်ရဲ့ လူတောမတိုးတက်ခဲ့တဲ့.အကျင့်ကိုလည်း ကျွန်တော် သိခဲ့ ပြီသား
အဲ့ဒီမှာ အစ်မက အသံထွက်စရာမလိုတဲ့
စာရေးတတ်တဲ့ အကျင့်ကို မွေးပေးခဲ့တယ်။လူရွှင်တော် လုပ်စားရင် အောင်မြင်မယ်
ဆိုတဲ့ သူငယ်ချင်းတွေက ပြောကြတယ်
ကျွန်တော့အတွက်တော့ ကျွန်တော့စကားကော သူ့တို့ပြောတတ်တဲ့စကားတွေရောက
မျက်ရည်တွေအဖြစ်ပဲ ပြောင်းသွားတယ်
အစ်မရယ်အစ်မရှိတဲ့ မြို့မှာ
အစ်မကို လာတွေ့ဖို့ စိတ်ကူးယဥ်ဖူးတယ်
မြင်မြင်ချင်း အချစ်ဆိုတာကို ပြောတော့
ကျွန်တော်က ရယ်မှာပေါ့
ကျွန်တော်က အစ်မကို မမြင်ဖူးပဲ
ချစ်ခဲ့တာလေ ။
လူတွေက နည်းလမ်းမျိုးစုံနဲ့ပဲ
ချစ်မိသွားတတ်ကြမှာပဲလေ
ကျွန်တော် ကြောင်တောင်တောင်တွေ
ပြောလည်း ရယ်နေတတ်တဲ့
မိန်းမကို လွမ်းတာ ဆန်းသလား အစ်မရဲ့လူတွေကို စိတ်ဒဏ်ရာတွေ မမျှချင်တော့ဘူး အစ်မရယ်
သူတို့လည်း ပျော်ချင်ကြမှာ
ကျွန်တော်လို ခေါင်းမော့လိုက်တိုင်း
ချော့မြူသွင်းရတဲ့ မျက်ရည်တွေရဲ့
သက်ရောက်မှုကို ဘယ်ခံစားချင်ကြမလဲဘုရားပုံမှန် ရှိခိုးဖြစ်နေပြီ အစ်မ
ဒါပေမဲ့ မဆုတောင်းတော့ဘူး
ဆုတောင်းနဲ့ မျှော်လင့်ချက်တွေရဲ့
ပင်ပန်းမှုဒဏ်ကို ကျွန်တော်
ကျကျနန အရသာ ခံဖူးသွားလို့လေ
![](https://img.wattpad.com/cover/326428294-288-k739706.jpg)