🛐

30 6 0
                                    


မနက် 4 နာရီလောက် မျက်လုံးက
ဆက်ခနဲပွင့်လာတော့
အမြင့်ကနေခုန်ချလိုက်သလို
ရင်ထဲအေးခနဲ ဖြစ်သွားတယ် ။
အအေးသိပ်ကြောက်တဲ့ ခြေလက်တွေက
ဝေလီဝေလင်းမှာ အေးခဲနေတာကို
ခပ်နွေးနွေးလက်ဝါးကခံစားမိတယ်။
ကြောင်တွေဟာ သွေးကြောပေါ်ကိုခုန်ပြေးကစားနေကြတယ် ။နှလုံးအိမ်ဟာ
ဆက်ခါဆက်ခါတုန်နေတာ

ပထမဆုံးစရှာမိတာက အစ်မကိုပဲ
နောက် မနေ့ညက ဖတ်ခဲ့တဲ့
ဗန့်ဂို့ရဲ့ ပန်းချီကားတွေအကြောင်း
ခေါင်းကဆံပင်ခွေတွေကို အမှတ်တမဲ့
စမ်းမိတယ် ။
လုပ်မိလုပ်ရာနောက်တစ်ခုက
အစ်မဆီက မနေ့ညက msg ကိုသွားရှာမိတာပဲ ။ မတွေ့ဘူး
ရင်ထဲ အေးသွားတယ်
မောသွားတယ်
ဝီစကီနဲ့ ရေနွေးပူပူ ရောမြိုရတဲ့ခံစားချက်
ထင်တယ် ။
နောက်တိုင်ကပ်နာရီ လက်တံတစ်ချက်ရွေ့မှ
အစ်မနဲ့ အဆက်အသွယ်ပြတ်တာ
တစ်နှစ်လောက်ရှိမှန်းသတိရသွားတယ်။
အနားကတိုးအိပ်နေတဲ့ အစ်မနာမည်နဲ့
ကြောင်လေးကို ခပ်ဖွဖွလေး ပွေ့ထားမိတယ်။
အစ်မနာမည်ကို လေးငါးခါလောက်
စိတ်တိုင်းကျရွတ်ကြည့်မယ် ။
အောင်ချိမ့်ရဲ့ ဂန္တဝင်မမ ကဗျာလို
မောင်သိန်းဆိုင်ရဲ့ ခင် လို
သစ္စာနီရဲ့ ကော်ဖီဆိူင်ပြဇာတ် လို အဲ့လို
ကဗျာတွေကို နှစ်နှစ်ခြိုက်ခြိုက်
ရွတ်မိသလို ။
ညသန်းခေါင်မှာ တံတွေးကိုလူမသိအောင်
တိတ်တိတ်လေး မြိုချလိုက်ရတယ် ။
မျက်ခွံကိုအသာလေးပိတ်ထားတယ်။
နှုတ်ခမ်းလွှာက တစ်စက်စက်တုန်နေတယ်။

ကျွန့်တော့အခန်းတံခါးကို အစ်မလာခေါက်မယ့်အချိန်ကို..
နေရောင်ထဲမှာတောက်နေတဲ့ အစ်မဆံနွယ်ကို
လက်နဲ့ထိနိုင်မယ်နေ့ကို
msg box ထဲမှာ အစ်မ email စာတွေ
ပျံ့ကျဲနေတာ
ဘယ်လောက်ပဲမနီးစပ်ခဲ့ပေမဲ့
Dear လို့ရေးထားတဲ့ စာလုံးတိုင်းကိုမြတ်နိုးရတယ် ။
ခေါင်းရင်မှာ အစ်မပုံတူကို ချိတ်ထားရတယ်။
ဘယ်လောက်ပဲ မနေပျော်ပျော်
အစ်မဆိုတဲ့အသိနဲ့ အရာရာကို
တိတ်ဆိတ်ကျွမ်းဝင်စွာ ရှင်သန်ရတယ်.

#သိပ်အားမရ

Supremacy of LoveWhere stories live. Discover now