ပုံကြမ်း

14 2 0
                                    


ပင်ကွင်းတွေ မပျံနိုင်တဲ့ပြသာနာကစပြီး
ကျွန်တော်တို့ကြား အေးစက်သွားတာပဲ
တကယ့်ပြသာနာက အဲ့လောက်မကြီးတာလည်း ဖြစ်နိုင်တာပဲ အစ်မရယ် ။
အစ်မနဲ့ပတ်သတ်ပြီး ခု နှစ်တွေအထိ
ကျွန်တော်ဟောစာတမ်းတွေရှာဖတ်ကြည့်နေတုန်းပဲ ။
မကျေနပ်မှုတွေကို ခပ်သိမ့်သိမ့်လေး
မြိုချရတာက အအေးတစ်ခွက်လောက်တော့
ဘယ်အဝင်ချောပ့မလဲ ။
နားမလည်နိုင်ခြင်းများဟာ
ကျွန်တော်ဆီမှာ ခပ်စိပ်စိပ်ဖြစ်လာတဲ့
မိုးလေဝသထုထည်ပါပဲ
ညဘက်အိပ်ချိန်ကျ ကိုယ်ပေါ်က
တရွေ့ရွေ့တက်​​ေနတော့ရင်ဘတ်ကို
လက်နဲ့အသာဖိနှိပ်ထားရတယ် ။
ဘယ်လောက်မအားအား 24hrs ရဲ့
10 min သာသာလေးကိုတော့
အစ်မ acc လေးကိုဝင်ကြည့်ဖို့
အချိန်ပေးတတ်တယ် ။
မနက်အိပ်ရာထကော်ဖီရဲ့ မျက်နှာပြင်က
အစ်မရုပ်လွှာ
ကံကောင်းခြင်းလို့ ခပ်တိုးတိုးရေရွတ်မိတဲ့
ကိစ္စပေါင်းသောင်းခြောက်ထောင်ရဲ
နောက်ကွယ်ကလည်း အစ်မနဲ့ဆက်နွယ်တာချည်း ။

Supremacy of LoveWhere stories live. Discover now