..

17 2 6
                                    

ကောင်းကောင်းနေပါ
ဂရုစိုက်ပါပြောပြီး
ကောင်းကောင်းမနေ၊ဂရုမစိုက်တာကလည်း
မင်းပဲလေ
ဘယ်သူမှတော့ လမ်းနောက်ပြန်လျှောက်ချင်မလဲ ။ လမ်းဟာလျှောက်ရင်း
နောက်က နီးလာတဲ့နံရံကို ပြေးပြေးဆောင့်မိတာပါပဲ ။လူသားတိုင်းက ပူပန်သောက
ကိုယ်စီထမ်းနေရတာချည်းပါပဲ ။
ညတွေပါပြေးရတာ အားမရလို့
နေ့တွေပါ ပြေးနေရ
မနှစ်က ဒီလိုအချိန်မှာ အိမ်မက်တွေယောင်ကောင်းတုန်း ။မွေးနေ့ဆုတောင်းစာထဲမှာ
ဖိတ်စာကတ်တွေနဲ့ အသည်းပုံတွေနဲ့ ။
ခုနှ စ် ဟာ မှန်း၍မရသောနှစ်များ
မှန်းရတာက နာဖျားတာပါပဲ
အချစ်ကြောင့်ရော  စိတ်ကြောင့်ရော
နာဖျားရ ။
အပ်ဖျားတစ်ထောက် သာသာပါပဲ
gallery ထဲဝင်တိုင်း အပ်ဖျားသပ်သပ်လေးပေါ် အသာလေးတက်နင်းရသလိုပဲ ။
ရွှေထီးဆောင်းခဲ့ရတဲ့ အတိတ်တွေကို
ပြန်ငဲ့ကြည့်ရတာ မောလှပြီ
လူတွေ ဘယ်သူမှ အဆင်မပြေကြရင်ကောင်းမယ်ဗျာ
ကျုပ်တ်ို့ငြိမ်ငြိမ်လေးပဲ ထိုင်နေကြတာပေါ့
ဒီလိုပြောရင်လည်း ပြုတ်ကျနေတဲ့အင်တာနက်ဆာဗာတွေနဲ့ ကြွေကြလာတဲ့
ပန်းနုရောင်စက္ကူတွေက ရယ်ကြဦးမယ်

Supremacy of LoveWhere stories live. Discover now