ခြံထဲသို့ဒုန်းဆိုင်းမောင်းဝင်လာသည့်ကားကြောင့် ဒေါ်နဒီလျှမ်းမြိုင်အိမ်ထဲမှခပ်သွက်သွက်ထွက်ကြည့်သည်။ ကားတံခါးကိုဘုန်းခနဲဆောင့်ပိတ်ပြီး ပိုက်ဆံအိတ်ကိုချိုင်းကြားညှပ်ကာထွက်လာသူက လေပူတမှုတ်မှုတ်နဲ့ဖြစ်၏။
" ဘယ်လိုဖြစ်လာတာလဲဆန်းမြိုင်"
" မပြောချင်ဘူးအမေရေ....လောလောဆယ်တော့ အိမ်ထဲအရင်ဝင်ပါရစေဦး"
" ဟယ်တော်ဟယ်တော်....ပြောပုံကိုကကြည့်ဦး။"
ခြေဆောင့်လက်ဆောင့်ဝင်သွားသည့်သမီးဖြစ်သူကြောင့်အနောက်ကနေလိုက်ရပြန်သည်။ အိမ်အတွင်းဧည့်ခန်းရှိသစ်သားထိုင်ခုံပေါ်ကိုနောက်မှထိုင်ရင်း သူမရဲ့ကျောလယ်မျှရှိသောဆံနွယ်တွေအားအနောက်ကိုစုသိမ်းနေ၏။
ထို့ကြောင့် ဒေါ်နဒီလည်းမျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
" ကဲပြော.....ဘယ်လိုဖြစ်လို့ဒေါသတကြီးပြန်လာရတာလဲ"
" ပြောမပြောချင်ပါဘူးအမေရေ။ အန်တီမြင့်မနေ့ကအတိုးလာမပေးလို့သွားတောင်းတာ၊ သူ့သားဟိုကလေးလေအမေမှတ်မိတယ်မဟုတ်လား ဘာရာဇဆိုလား။"
" နှိုင်းတုရာဇပါသမီးရယ်....အယ်ဒါနဲ့... သားရာဇ ရေနံချောင်းကပြန်လာပြီလား။ ကလေးအလုပ်တွေတော်တော်လုပ်ရရှာမှာပါကွယ်။"
အမေ့ရဲ့ ဂရုဏာသက်သံကြီးကြောင့်ဆန်းမြိုင်နှုတ်ခမ်းမဲ့လိုက်သည်။ ပြောမယ့်စကားတောင်လမ်းတစ်ဝက်မှာတေ့အောင်လုပ်နိုင်လွန်းပါ၏။
" ဒါတွေထားဦး.....အဲဒီ့ကောင်စုတ်လေးကလေသမီးကိုပြောသွားတာများအမေရယ်ကက်ကက်ကိုလန်လို့။ အမေလည်းသိတယ်မဟုတ်လား သမီးစကားပြောရင်လူရိုက်ပေါက်ဆိုတာ။ ဒါကိုသူ့အမေကတောင်ဘာမှမပြောတာ ရောက်လာလာချင်း မင်းနေတဲ့သင်္ချိုင်းကိုပြန်လေး ဘာလေးနဲ့။"
" ဒါကေတာ့ သမီးကမြင့်ကိုဘယ်လောက်တောင်ပြောလိုက်မှန်းမှမသိတာ။ သားရာဇက ရိုင်းတဲ့သူမဟုတ်မှန်းမေမေသိနေတာပဲကို။"
" အမေ့!....အမေကပါဘာလို့သမီးဘက်ကမပါရတာလဲ။ သူ့အမေကသမီးတို့ပိုက်ဆံတွေမပေးပဲရှောင်ပြေးသွားရင်ဘယ်လိုလုပ်မလဲ။"
YOU ARE READING
(မမရဲ့ရာဇ)
Romance" ရာဇ...ရာဇ...ဘယ်သူ့ရာဇ?" " မမရဲ့ရာဇ!" Nomal OC (Sweet & Romance ) ကူးယူရေးသားခြင်းခွင့်မပြု⚠