Unicode
လူနေအိမ်ခြေများနှင့် ဝေးလာသည်နှင့်အမျှ ပတ်ဝန်းကျင်ဟာ တိတ်တဆိတ်။
ညပိုင်းမလို့ထင် ဆံနွယ်တို့ဝဲရုံသာ ခတ်တတ်သည့် လေပြေတို့မှာ အအေးပိုသည်။
အုပ်နံရံနှစ်ဖက် ကာရံထားသည့် လမ်းသွယ်တစ်ခုထဲ ချိုးဝင်လိုက်တော့ ရင်နှီးပြီးသား အမှောင်ဟာ ဂျယ်ယွန်းတစ်ကိုယ်လုံးပေါ်သို့ အုပ်မိုးသွား၏။
သူ၏ ခပ်ပြင်းပြင်းခြေသံကြောင့်ထငိ အစာရှာနေလက်စ ကြောင်ပေါက်ကလေးများမှာ မလှုပ်ဝံ့ပဲ နားစွင့်နေသည်။
ပိုမိုကျဥ်းမြောင်းလာသည့် လမ်းသွယ်နဲ့အတူ အဝေးမှ စကားပြောသံများကို ဂျယ်ယွန်း ပြတ်တောင်ပြတ်တောင်း ကြားနေရသည်။
ရပ်ကွက်တစ်ခုလုံး တိတ်ဆိတ်နေပေမယ့် ရပ်ကွက်အစွန်ကျကျမှာ တည်ရှိသော လမ်းကျဥ်းသာသာထဲက အိမ်ခြေတစ်စုကတော့ ညလုံးပေါက် ဆူညံနေတတ်သည်။
ဗိလိယက်ခုံ ၊ဂျင်ဝိုင်း၊ ဖဲဝိုင်းများနှင့် သူ့နေရာနှင့်သူ စည်းကားနေသည့်တိုင် တိုက်ခန်းအကုန်လုံး နီးပါးမှတော့ နုံချာချာ။
ကျောဖက်မှ ထွက်ပေါ်လာသည့် ဝိုးဝိုးဝါးဝါး အော်မြည်သံများကို ဥပေက္ခာပြုလို့ ဂျယ်ယွန်း တိုက်ခန်းပေါ်သို့သာ တက်လာလိုက်သည်။
တိုက်ခန်း လှေကားထိပ်က မီးလုံးဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပေမယ့် အလွတ်ရနေသည့် လှေကားထစ်များကို ဖြတ်ကျော်ကို ခိုလှုံရာ အရိပ်မြုံလေးထံသို့သာ ရောက်ချင်ဇော များနေအပိုယူလာသည့် သော့တံဖြင့် သော့ဖွင့်ကာ တံခါးအားတွန်းဝင်မိတော့ သံချေးအလိမ်းလိမ်းတက်နေသည့် တံခါးက အသံရှည်ပြုသည်။
မီးရောင်မှိန်ှိန်အောက် ပွလန်ကျဲနေပါသော ပစ္စည်းများနှင့် စားပွဲက ထိုးထိုးထောင်ထောင် ပုလင်းအခွံများ။
စားကြွင်းတွေကြောင့် အောက်သိုးသိုးအနံ့ထွက်နေပေမယ့် ဂျယ်ယွန်း စိတ်ထဲ မနှစ်မျို့တာမျိုး မခံစားမိ။
' အိမ်' ဆိုတဲ့ စကားလုံးနဲ့သက်ဆိုင်သော နေရာဟာ ထိုသို့သော နေရာဖြစ်နေခဲ့တာမလို့ပါပဲ။
နွမ်းဖက်ဖက်နဲ့ ဖရိုဖရဲ ဖြစ်နေပေမယ့် ဂျယ်ယွန်းအတွက်တော့ နွေးထွေးမှုအရှိဆုံး၊
သက်သောင့်သက်သာ ကျောခင်းဖို့အသင့်တော်ဆုံး နေဝင်လာတိုင်း အပြန်ချင်ဆုံး 'အိမ်'ပါပဲ။
လက်မောင်းကြောတို့တောင့်တင်းအောင် ဆွဲကိုင်ထားရသည့် ဆွဲအိတ်ကို ထိုင်ခုံပေါ်ပစ်တင်လိုက်ရက်နဲ့တောင် ဂျယ်ယွန်း နည်းနည်းလေးမှ ပေါ့ပါးသွားသလို မခံစားရဘူး။
မျက်နှာကျက်ပေါ်မှ တကျွီကျွီလည်နေသည့် ပန်ကာကြောင့် နှဖူးစပ်မှ ချွေးစများဟာ ပျောက်လုလု။
အပေါ်ထပ်ကုတ်ကို ချွတ်လို့ အင်္ကျီလက်တို့ကို ခေါက်တင်ကာ သန့်ရှင်းရေးအမှုကို အရင်စတင်လိုက်သည်။
လောလောလက်လက်မှ စားထားပုံရသည့် ဘေစင်ထဲမှ ပန်းကန်အချို့ကို ဆေးကြောပြီး ပန်းကန်စင်ပေါ်စီထပ်လိုက်သည်။
နေ့လည်ကတည်းက ဗလာဖြစ်နေသည့်အစာအိမ်ကြောင့် ထမင်းပေါင်းအိုကို မျှော်လင့်တကြီး လှပ်မိတော့ အောက်ခြေကပ်ရုံသာ ကျန်သည့် ထမင်းများဟာ တစ်ယောက်စာစားလောက်ရန် ချန်ထားသည်တော့ မဖြစ်နိုင်။
စားမကုန်၍ ကျန်နေခြင်းသာ။
YOU ARE READING
Lollipop
FanfictionGot a lime green lollipop , Disapearing on my tongue. Need another lollipop, Cause this one is almost gone. Next one I won't chew the top, This one didn't last that long.