Part-9

321 40 15
                                    

မနက်​စော​စောထ ​စျေးသွားလို့ ပြန်လာကတည်းက ​ ​​ဆောင်းဟွန်းတစ်​ယောက် မီးဖို​ထဲ သီချင်းတညီးညီးဖြင့် ချက်ပြုတ်​နေသည်မှာ ခုထိ မပြီးနိုင်​သေး။
အလုပ်နားရက်ဖြစ်တဲ့ ဂျိတ်ခ်အတွက် အရသာအရှိဆုံး ထမင်းဘူး​ပြင်​​ပေးရန်စိတ်ကူး​​​လေးအား ဆောင်းဟွန်း တက်ကြွစွာ အ​ကောင်အထည်​ဖော်​နေမိသည်။
အစား​ရွေးတတ်ပုံ​ပေါ်သည့် ဂျိတ်ခ်အတွက် အာဟာရမျှတ​စေမည့် ဟင်းအမယ်​တွေစဥ်းစားရင်း ညလုံး​ပေါက်ခဲ့​ပေမယ့် ထူးဆန်းစွာ စိတ်​လေးက​တော့ ကြည်ကြည်လင်လင်။
​​ ဂျိတ်ခ် အကြိုက်​​တွေ့လောက်မည်ထင်သည့် ဟင်း​လေး​တွေကို ချက်ပြုတ်ပြီး​နောက် ထမင်းဘူး​တွေထဲ အစီအရီလိုက်ထည့်​နေရင်း ​​​ဆောင်းဟွန်း၏ မျက်နှာထပ် အပြုံး​လေးဟာ မနက်ခင်း​၏ ​နေ​ရောင်ခြည်​အောက် ရွှင်ပပ။
အပြီးသတ်အ​နေနဲ့ ထမင်းဆုပ်​လေး​တွေအ​ပေါ် ပုံ​ဖော်ထားသည့် ​ ​ခွေး​ပေါက်​လေးပုံ​ဖော်ထားသည့် ရေညှိပြား​လေး​တွေ တင်လိုက်ပြီးသည့်​နောက် ထမင်းဘူး​လေးဟာ ချစ်စဖွယ် အပြီးသတ်သွားသည်။
အ​နွေးခံအိတ်ထဲ အစီအရီထည့်ပြီး​နောက်
မိုးလင်းကတည်းက ​ချွေးတလုံးလုံးဖြစ်​နေ​သော ခန္တာကိုယ်​ကြောင့် ​ရေ​အေး​​အေးဖြင့် ချိုးလိုက်​တော့ လန်းဆန်းသွားသည်မှာ​တော့ အမှန်။
ပေါ့​ပေါ့ပါးပါး အဝတ်အစားကိုသာ ​ရွေးချယ်ဝတ်ဆင်လိုက်ပြီး အနံ့သင်းသင်း​ရေ​မွှေးအား ဖြူလွှလွှလည်တိုင်ထပ် ​ဆွတ်ဖြန်းလိုက်​သောအခါ မှန်ထဲက ​ဆောင်းဟွန်းပုံရိပ်ဟာ ဆယ်​ကျော်သက်​လေးတစ်​​ယောက်လို လွတ်လပ်​​နေပုံ​ပေါ်​နေသည်။
ထို့​နောက် သွက်လက်သည့် ​ခြေလှမ်း​​တွေဖြင့် အပြင်သို့ထွက်လာခဲ့လိုက်ပြီး ဂျိတ်ခ်ကို​​တော့ ကြိုတင် မဆက်သွယ်ခဲ့။
အံ့အားသင့်သွား​မယ့် ဂျိတ်ခ်၏ပုံအား မြင်ချင်မိသည့် ရည်ရွယ်ချက်​ကြောင့်။


အရင်တစ်​ခေါက်က အိမ်လိပ်စာအလွဲ​ပေးခဲ့သည့် အတွင်း​ရေးမှူးအား ဆူပူကျိန်း​မောင်းပြီးသည့်​နောက် လိပ်စာအမှန်အား ပြန်ရခဲ့သည်။
​​​ပေးလာသည့် လိပ်စာမှာ ​တော်​တော်ချောင်ချသည့် ရက်ကွပ်ဖြစ်​နေတာ​ကြောင့် ​နောက်တစ်​​ခေါက်များ လှည့်စားသည်လား ​သံသယဝင်မိ​ပေမယ့် ထိုသူက​တော့ မှန်ကန်​ကြောင်း အာမခံသည်။
လမ်းကြားအသွယ်သွယ်ကို ဖြတ်ပြီး​​နောက် ​ဆောင်းဟွန်း​ရောက်​နေသည့်​နေရာက ခပ်နွမ်းနွမ်းတိုက်ခန်း၏ စင်္ကြံ​ပေါ်။
လူ​ခေါ်ဘဲလ်အား မတီးခင် အခန်းနံပါတ်အား ​စေ့စပ်စွာ ကြည့်​မိ​​ပေမယ့် စာရွက်ပိုင်း​ပေါ်ချ​ရေးထားသည့် ဂဏန်း​တွေနဲ့ တံခါးချက်​ပေါ်ဟာ ဂဏန်း​​တွေဟာ တစ်​ထေရာတည်း။
သို့တိုင်​​အောင် သွက်လက်စွာ ဘဲလ်အားတီးနှိပ်လိုက်ရမည့်အစား အခန်း​ရှေ့ ​ခြေတုံ​ခြေချ ရပ်​နေမိသည်။
အောက်ထပ်အ​လောင်းစားဝိုင်း​တွေဆီမှ ကျယ်​လောင်​​လောင် ​အော်ဟစ်သံအချို့ကို ကြား​​နေရပြီး တစ်ချက်တစ်ချက် ​လေအ​ဝှေ့မှာ ​​ဆေးလိပ်နံ့ပြင်းပြင်းကိုရသည်။
နီညို​ရောင် သံ​​​ချေးများ စွန်းထင်​နေ​သော တံခါးရွက်ကို ကြည့်ရင်း ​ဆောင်းဟွန်း စိတ်ထဲ ရှုပ်​​ထွေးလာ​ပေမယ့် များများစားစား ​တွေးမ​နေချင်ခဲ့။
​နောက်ဆုံး ဘဲလ်တီးလိုက်ရန်သာ ဆုံးဖြတ်လိုက်ပြီး အချိန်ကိုက်စွာ ပွင့်ဟလာသည့် တံခါး။
အခန်းမှ ခပ်​လော​လောထွက်လာသည့် နှုတ်ခမ်းနီရဲရဲဖြင့် ထိုအမျိုးသမီးကြီးဟာ ​ အခန်း​​​ရှေ့ရပ်​နေသည့် ဆောင်းဟွန်းအား မြင်​တော့ အထူးအဆန်းသဖွယ် ပြန်ကြည့်​လာသည်။

LollipopWhere stories live. Discover now