Part-12

297 36 12
                                    

Unicode



​ပျံ့နှံ့​နေတဲ့ အာရုံ​တွေဟာ ဘယ်နယ်​မြေအထိ ​ခရီးကျွံသည် မသိ။
ဖမ်းဆုပ်မရသည့် လိပ်ပြာငယ်လို တဖျက်ဖျက်ခတ်လို့ ​ဝေးရာပြေးသည်။
ထုံသင်းတဲ့ပန်းရနံ့​တွေဟာ ​လေ​ပြေထဲ သင်းပျံ့သလို
အံ့အားသင့်မှု​တွေအချိုးချတဲ့ ​ပျော်ရွှင်မှု​​အောက် ​ဆောင်ဟွန်းနှလုံးသား​လေးဟာ သာယာတဲ့ ဥတုလို ကြည်ကြည်နူးနူး။
ထုတ်​ဖော်လို့ အတည်မပြုဖြစ်​သေးသည့်တိုင် ထိုလူသားဟာ ဘဝတစ်​လျှောက်လုံး တိတ်တခိုးမြတ်နိုးရသူဆိုသည့်အသိ​​ကြောင့် တဒုတ်ဒုတ်ခုန်မြည်​နေ​သော ရင်ခုန်သံကတောင် သံစဥ်တစ်ပုဒ်အလား နှစ်လိုဖွယ်ကောင်းလှသည်။

လှီးသင်လက်စအရွက်တို့ဟာ ဓါးပါး​အောက် တိခနဲပြတ်ကျသွားတာကအစ ​ဆောင်ဟွန်းအတွက်​တော့ စိတ်​ကျေနပ်စရာ။

"အ့"

​ထွေး​ပြားတဲ့စိတ်​တွေကိုသာ အပြစ်ဖို့ရမည်။
အ​တွေးဥယျာဥ်ထဲ လမ်း​ပျောက်မိ​တော့
အခု​​​တော့ လက်ဖျားနီနီထိပ်​​​လေးမှာ အနာတရဖြင့်။
ဓါးရာ​ကြောင့် ခိုတွဲလာသည့် ​သွေးစ​လေးကိုပင် ပန်းနု​ရောင်​လေး ထင်​နေတဲ့ ပတ်ခ်​ဆောင်ဟွန်း​လေး ခမျာ အချစ်နွံထဲ ကြိုးချလို့ ဆင်းကယ်​တောင် မမှီ​​​​လောကိ​တော့။

"အ​မ​လေး ဒဏ်ရာရသွားတာပဲ ပတ်တီး ပတ်တီး မြန်မြန်"

အနာကိုကြည့်ရင်း ပြုံးတုံးတုံးလုပ်​နေတဲ့ ​ဆောင်ဟွန်းအနား အူယားဖားယား​ပြေးလာသည့် ဆိုင်ရှင်က ​ ​သွေးစို့​နေ​သော လက်ညှိုးကိုကြည့်ရင်း ​ဆောက်တည်ရာမရဟန်။

"သတိထားမှ​​​ပေါ့ ​ဆောင်ဟွန်းရယ် Sim သိရင် ကိုယ်​သေလိမ့်မယ်ကွ"

​ဆေးအသာထည့်ရင်း ​ပြောလာသည့်စကားအဆုံးမှာ ​ဆောင်ဟွန်းအပြုံးတို့အား မသိုဝှက်နိုင်စွာ။
ပြည့်လျှံလာတဲ့ ​ကြည်နူးစိတ်ဟာ ​သွေး​
ကြောမျှင်​​တွေ အထိ ယိုဖိတ်သည်
ရှင်းမ် ဂျယ် ယွန်း။
ဂျယ်ယွန်း.........
​​အသက်ဆက်ဖို့ ​ ထပ်တလဲလဲ ရေရွတ်မိတဲ့ ဂါထာ​လေးတစ်ပုဒ်သဖွယ်။
သူ့အိမ်မက်​တွေထဲ အ​နေ့​နေ့အလလ တွယ်ငြိခဲ့ရ​သော နာမ်စား။
မြတ်နိုးစိတ်၏ အနက်ရှိုင်းအထိ ကိန်း​အောင်​​​နေ​သော ထိုသူအား ​​​​နောက်ဆုံး​တော့ ရှာ​တွေ့ခဲ့ပြီ။
အိပ်ရာဝင်ဆု​တောင်းဖြစ်ခဲ့တဲ့ ထိုနာမည်ပိုင်ရှင်ဟာ တစ်ချိန်လုံး သူ့နံ​ဘေးတွင်ရှိ​နေခဲ့ပြီး သူ့ကိုသာ ကာကွယ်​ပေးခဲ့ပြီး
သူ့လက်ကိုသာ ထပ်မံဆုပ်ကိုင်ထားနှင့်သည်။
သူ့နှလုံးသားဟာလဲ ထိုလူကိုမှပဲ ​ရွေးချယ်မိခဲ့ပြန်သည်။
ထိုသို့​တွေးမိလျှင် ရှင်းမ်ဂျယ်ယွန်း၏ ဖြစ်တည်မှုဟာ ​ဆောင်ဟွန်းအား ကံအ​ကောင်းဆုံးဟု ​​တွေးမိ​လောက်သည်အထိကို ပြီးပြည့်စုံလွန်းစွာ အဓိပ္ပါယ်ရှိသည်။

LollipopWhere stories live. Discover now