Part-16

369 32 8
                                    

Unicode

ကောင်းကင်ပြာဟာ  ဆေးစက်ချခံရသလို ခဲရောင်
ပြေပြေ အသွင်သို့ကူးပြောင်းလာ၏။
မိုးဖွားတဖွဲဖွဲဟာ ကားမှန်ထပ်
ကသောကပါးဖြင့် ဖျောက်ဖျောက်ကျရောက်လာသည်။
မိုးပေါက်များသည် ဖွဲရာမျှ သည်းရန်ဆိုင်းပြင်တော့ ကားမှန်ဟာ တလဲ့လဲ့လက်သော စိန်များ စီချယ်သည့် ကတ္တီပါ တစ်ချက်အလား။
သို့သော် အလှတရားဟာ များကြာစွာ မတည်လိုက်။ အရှိန်ဖြင့်ပြေးလွှားနေသော ကားမှန်သုတ်တံကြောင့် ပျက်ပျက်အပြယ်ပြယ်။
ညနေစောင်းအခါပေမယ့်    ပတ်ဝန်းကျင်၏အလင်းရောင်ဟာ မှိုင်းပျပျရယ်သာ ရှိတော့သည်။
အလုံးစုံ အုံ့မှိုင်းနေ သော တိမ်သားညိုညိုကြောင့်နေရောင်ဟာ မှောင်ရိပ်ထဲ စောစီးစွာ ခို၏။ 

လင်းခနဲဖြစ်သွားသော ဘရိတ်မီးနဲ့အတူ ညာဖက်ထိုးရပ်လိုက်သော ကားငယ်။
စည်းချက်မှန်မှန် ဘယ်ညာယိမ်းနေသော ကားမှန်သုတ်တံအသံမှလွှဲ ကားထဲ ဆိတ်ငြိမ်နေဆဲ။
မည်သူမှ စကားမစသည့် စကားဝိုင်းဟာ တိတ်ဆိတ်ခြင်းတို့ဖြင့် ဝုန်းဒိုင်းကျဲနေသည်။
စကားသံတွေဆိတ်သုဉ်းသောအခါ သက်ပြင်းသံယဲ့ယဲ့က အစကျယ်လောင်လွန်း၏။
နှစ်ဦးစလုံးစကားမစရသည့် အကြောင်းပြချက်မှာ ကျိန်းသေပါသည်။
တုန်ယင်ကွဲအက်နေလောက်မယ့် အသံတွေကို ဖုံးကွယ်ချင်တာမလို့။
မျက်လုံးချင်စုံမိတဲ့အခါ ရစ်သိုင်းနေလောက်မည့် မျက်ရည်ကြည်ကို  ထိုသူ့အား မမြင်စေလိုတာမလို့။

လေးလံနှေးကွေးသော လှုပ်ရှားမှုဖြင့် ကားပေါ်မှ ဆင်းရန်ပြင်လိုက်ကာမှ ယခုဆောင်ဟွန်းရောက်နေသော နေရာဟာ သူ့ကွန်ဒိုရှိသော တည်နေရာမဟုတ်မှန်း သတိမူမိတော့၏။
အတွေးတွေဟာ မည်မျှတောင်လွင့်ပြယ်သည်မသိ။
သူဟာ အိမ်ပြန်လမ်းတောင် မေ့နှင့် ငှက်ငယ်လို။

"ကိုယ်မင်းနဲ့အတူ သွားချင်တဲ့နေရာတစ်ခုရှိတာမလို့ လိုက်ခဲ့ပေးနိုင်မလား ဆောင်ဟွန်း"

တံခါးဖွင့်ရန် ကြံရွယ်နေသော လက်တစ်ဖက်အား အသာဆွဲယူရင်း တလေးတနက်တောင်းဆိုလာသည့် အခါ။
ဂျိတ်ခ်၏ ဆန္ဒအား လိုက်လိုက်လျောလျော ခေါင်းငြိမ့်မိသည်။
လွန်ဆန်ခြင်းမရှိ .....
ဆင်ခြေမရှိ....
လှေငယ်တစ်စင်းဟာ ရေလှိုင်းခေါ်ဆောင်ရာကိုသာ ကြည်ဖြူရစမြဲ။

LollipopWhere stories live. Discover now