မှိုန်ပျသလောက် အရောင်စုံတဲ့ မီးရောင်အောက် မီးခိုးငွေ့ဝေတို့က သဏ္ဍန်အလွင်လွင်။
ယစ်မူးစေတဲ့ယမကာကို အချို့က ခံတွင်းဖျား၌ ပျော်ဝင်စေသည်။
အချို့ကတော့ ထိုယစ်မူးမှုများအား သွေးပြန်ကြောထဲသို့ ချွန်မြမြဆေးထိုးအပ်ဖြင့် ကြားခံနယ်မရှိစေပဲတိုက်ရိုက်။
ညဥ့်ကြီးစိုးသော အုပ်မှိုင်းမှိုင်းထိုညရဲ့ တွန်းပို့မှုကြောင့် မသိစိတ်ဟာ ဒုစရိုက်နှင့် ကြားခံနယ်မရှိတော့။သွေးနီရောင်တင်ထားသော နှုတ်ခမ်းပါးတို့ဟာ တင်းတင်းစေ့ကပ်ထားခြင်းကို မလွန်ဆံဝံ့။
ကာလာခြယ်သော မျက်ခွံတို့ဟာ ညစ်ညူးစွာ ငြီးငြူခြင်းနဲ့အတူ ပိတ်မှောင်ချသွားသည်။"အမကြီးရှင်းမ် ဒီနေ့ တစ်ပွဲမှ မကောင်းသေးပါ့လား
စိတ်ခြေနေမကောင်းလို့လား"သူမဆီမာကျောက်အချို့ ပြန်ကမ်းလာရင်း အူးမြူးသံစွတ်လို့မေးလာသည့် မေးခွန်း။
မယ်မယ်ရရအလုပ်မလုပ်ဘူးလို့ သွယ်လျနေတဲ့ လက်ချောင်းတွေကြား စီးကရက်ကိုညှပ်လို့ ရဲဆွေးသော နှုတ်ခမ်းနှစ်လွှာကြား ငုံခဲလိုက်ရင်း ရှုသွင်းလိုက်တဲ့ အဆိပ်ငွေ့တွေဟာ အဆုတ်ထဲ ပြန်အခြေချသည်။"ဘယ်လိုလဲ ဆက်ပါဦးမှာလား။ ရပ်တော့မလား"
ပြာခွက်ထဲ ဖိချလိုက်တဲ့ စီးကရက်တောင့်ရဲ့ ထိပ်ဖျားဟာ ကြေမွမွ။
"ငါဘယ်သူလဲဆိုတာ မေ့နေတာလား။
ရပ်လိုက်မယ် ဟုတ်လား?
All in"လက်ချောင်းသွယ်သွယ်၏ တွန်းပို့မှုကြောင့် ရောင်စုံဒိုးပြားလေးတွေဟာ စားပွဲအလယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်။
သတ္တိကောင်းသည်ထပ်ပို၍ မိုက်ရူးရဲဆန်ချင်သည့် သူမဘဝတွင် များစားစားစတေးစရာမှုမရှိဟု ထင်ခဲ့ဖူးသည်။
သို့ပေမယ့် ထိုရူးမိုက်မှုကသာ တစ်နေ့ သူမရင်ကိုခွဲ၍ နှလုံးသားတစ်ခုလုံးအား စုတ်ပြတ်စေမည်ကို မသိပါပဲ။ဆက်တိုက်ဆိုသလို ဝင်နေပေမယ့် လျစ်လျူရှုခံထားရဆဲ ဖုန်းကောတွေရယ်။
သူမအပိုင်ဖြစ်ခဲ့ဖူးသော ငွေသားတွေကို သိမ်းဆည်းနေသည့် လှုပ်ရှားမှုတွေရယ်။
ချုပ်တည်းရန်ခက်သည့် သူမ၏ ဒေါသတွေဟာ ယခုအခါတွင်လဲ အခက်တွေ့စေသည်။
YOU ARE READING
Lollipop
FanfictionGot a lime green lollipop , Disapearing on my tongue. Need another lollipop, Cause this one is almost gone. Next one I won't chew the top, This one didn't last that long.