Part-18

279 30 49
                                    

Part-18

လူကူးမီးပွိုင့်မှ မီးရောင်များဟာ နီတစ်လှည့်စိမ်းတစ်လှည့် အဖန်တရာထပ်အောင် အခါခါ ပြောင်းလဲနေသည်။ 
မြောက်များစွာသော ဖြတ်သွားဖြတ်လာတို့ဖြင့် ပတ်ဝန်းကျင်ဟာ  ရှုပ်ထွေးနေ၏။
ကူးချည်သန်းချည် သွားလာနေကြသော လူတို့၏ လှုပ်ရှားမှုတွေကြား  နှစ်ဦးစလုံးဟာ ကြာမြင့်စွာ ငြိမ်သက်နေမိသည်။
သူတို့နှစ်ဦးတည်းရဲ့ အချိန်တွေပဲ ရပ်တန့်သွားသလိုမျိုး။ 
ထိုအခိုက်အတန့်ဟာ လှုပ်ရှားလိုက်ရင် ပျောက်ကွယ်သွားတော့မလိုမျိုး။

ဂျယ်ယွန်းအမြဲထင်ခဲ့သည်က ဆောင်းဟွန်းကို မြင်တွေ့ခွင့်ရသည့် အချိန်တိုင်းဟာ အေးချမ်းလွန်းလှသည်ဟူ၍သာ။ 
သို့ပေမယ့် အခု သူ၏မျက်နှာချင်းဆိုင်တွင်ရှိနေသော ဆောင်ဟွန်းကိုကြည့်ရင်း  သူ့နှလုံးသားဟာ တရိပ်ရိပ် လောင်ကျွမ်းလာသည်။
မြတ်နိုးခဲ့သော ထိုမျက်ဝန်းတွေနှင့် အကြည့်စုံတိုင်း  ဂျယ်ယွန်းဟာ ကြိုးစင်ပေါ်တက်ခါနီး အပြစ်သားတစ်ယောက်လို တုန်လှုပ်ခြောက်ခြားရသည်။

ထိခိုက်နာကျင်စေမယ့် အမှန်တရားလား.....
စိတ်ကိုသတ်နိုင်သော လိမ်ညာခြင်းလား......
ဘာကိုပဲ ရွေးချယ်ပါစေ သူ့ပုံပြင်လေးဟာ လှလှပပလေး အဆုံးမသတ်နိုင်တော့ပေ။
မည်မျှပင် အားသွန်းခွန်စိုက်ကြိုးစားပါစေ
တရားမမျှတသော  ဤကြမ္မာတွင်တော့
သကြားလုံးပုံပြင်လေးအတွက် နာကျင်စရာအဆုံးသတ်အား သတ်မှတ်နှင့်ပြီးသား။

နောက်ဆုံးထွက်သက်လို့ မှတ်ယူရင်း ရှူရှိုက်
လိုက်သော  ရှိုက်သက်ပင့်သံ
ကောင်းကင်ကြီးအား   မော့ကြည့်မိတော့
ပျော်ပါသည်။
သူချစ်ရသော ဆောင်ဟွန်းနှင့် တစ်ခုတည်းသော ကောင်ကင်းအောက် ရှင်သန်ခွင့်ရသည်ကိုပဲ။

"ဟုတ်ပါတယ်။
ကိုယ်က မင်းအမြဲရှာနေခဲ့တဲ့ ရှင်းမ်ဂျယ်ယွန်းပါပဲ။ "

ကံမကောင်းလို့ အကြောင်းမလှတာရယ်လို့လဲ ကံကြမ္မာအား ယိုးမယ်မဖွဲ့လိုပါ။
ဆုတ်လဲဆူး စားလဲရူးပေမလို့ ဂျယ်ယွန်းဟာ ဘယ်လမ်းကိုပဲ ရွေးချယ်ခဲ့ပါစေ စောင့်စားနေသည့် တစ်ခုတည်းသော အရာမှာ ပိန်းပိန်းမှောင်သည့် အမှောင်ထုသာ။
စွန်းထင်းလာလေသမျှ ကိုယ်ကျင့်တရား၊
များစွာသောအပြစ်ကြွေးတို့ဖြင့်အကျည်းတန်ခဲ့သော အတိတ်ဇာတ်ကြောင်းနှင့် ဆန့်ကျင်စွာ သူ၏ငယ်အိမ်မက်ဟာ အဖြူ
ရောင်လေး ဖြစ်ဖူးသည်ဟုဆိုလျှင်  လောကကြီးဟာ ဟက်ဟက်ပက်ပက် လှောင်ရယ်လိမ့်ဦးမည်။

LollipopWhere stories live. Discover now