Part-6

389 44 18
                                    

"အရသာက ဘယ်လိုလဲဟင်
များကြီးစား​နော်"

ဂျယ်ယွန်း​ရှေ့မှာပဲ စုပြုံ​နေတဲ့ ဟင်းပွဲ​​​တွေနဲ့အတူ ဂျယ်ယွန်းအမူအရာတိုင်းကိုသာ မျက်ဝန်းတောက်​တောက်​​လေး​တွေနဲ့ လိုက်ကြည့်​နေတဲ့ ​​​​ဆောင်ဟွန်းဟ သူကိုယ်တိုင်​တော့ ထမင်းတစ်​စေ့​လေး​တောင် မဝင်​သေး။

"ကိုယ့်ပန်းကန်ထဲ အရမ်း​​မောက်​နေပြီ​လေ ​ဆောင်ဟွန်းရဲ့ မင်းလဲစားပါဦး"

ပန်းကန်ထဲ အသားဖက်​တွေ တစ်ဖက်ပြီး တစ်ဖက်ထည့်​ပေး​နေတဲ့ လက်​ကောက်ဝတ်​သေး​သေး​လေးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း တားမြစ်သလို​ပြောမိ​တော့၊
အ​ကောင်​​ပေါက်​လေးက အူယာစရာ​ကောင်း​အောင် သွားပိစိ​လေး​တွေကို စိရင်းရယ်ပြရှာသည်။
​သိမ်​မွေ့စွာ အထိအ​တွေ့​လေး တစ်ချက်မှာ လျှပ်စီးများပွတ်တိုက်သွားသလို ​ဆံချည်မျှင် ​သွေး​ကြောတို့က ကျိန်းစက်စက်။
ကျယ်​လောင်​လှ​သော ရင်ခုန်သံတို့​ကြောင့် ဂျယ်ယွန်းမျက်နှာ​တွေလဲ ပူလှပြီ။
အသာရုတ်သိမ်းသွားသည့် ဖြူဥဥလက်​လေးထံမှ အကြည့်တို့ မခွာနိုင်။

"ဂျိတ်ခ် မကြိုက်ဘူးဆိုလို့ ကျွန်​တော် ပဲပင်​ပေါက်​တွေ အကုန်​ရှောင်ထားတာ​နော်"

ဂုဏ်ယူ​သလို​​လေးဆိုလာတဲ့ ထို​လူသား​​လေးက သူ့ဘဝရဲ့ အ​​​ရေးအပါဆုံးဆိုတဲ့ နယ်ပယ်ထိများ ​ခြေဆန့်လို​လေသလား။
နှလုံးအိမ်ထဲ စိမ့်ဝင်သည့် ကြည်နူးမှု​ဆိုတာ ​ကိုယ်တွင်း ယှက်ဖြာသမျှသွေး​တို့ကို သကြား​ရည်တို့နဲ့ ​ဖျော််ပစ်သလို ချိုမြိန်မှုမျိုးမှန်း သူအရင်က မသိခဲ့။
ဒီထပ်ပိုလို့ မဖြစ်​တော့တဲ့ ဆက်ဆံ​ရေးမှာ မက်​မောစိတ်​တွေနဲ့သာ ကျန်ခဲ့ရရင် ဂျယ်ယွန်း အရမ်း ခံပြင်းမိမှာ။

အနံ့နဲ့တင် ပြီးပြည့်စုံ​နေတဲ့ Kimchi-jjigae အား တစ်ဇွန်း ခပ်​သောက်မိ​တော့။
နှစ်လိုဖွယ်အရသာဟာ စိမ့်ဝင်သွား​တာ သူ့လျှာဖျား​ပေါ်ဆို​ပေမယ့် သူနှလုံးအိမ်က ဘာ​ကြောင့် အ​​နွေးဓါတ်တို့ လွှမ်းခြုံသွားပါလိမ့်။
တစ်စုံတစ်​ယောက်ပြင်​ပေး​သော ပူပူ​နွေး​နွေးထမင်းဝိုင်းက ထိရှလွယ်​သော ဂျယ်ယွန်းအသည်းစိုင်အား ထိုမျှ​လောက်ထိ လှုပ်ကိုင်နိုင်မှန်း မသိခဲ့။
​ထို့အပြင် သူ့​ရှေ့ကလူဟာ ပတ်ခ်​​ဆောင်းဟွန်း ဖြစ်​နေသည်မလို့ ဂျယ်ယွန်းဟာ ​ကျော့ကွင်းထဲက ယုန်သူငယ်​လေးလို တွန်းလှန်နိုင်စွမ်းမရှိ။

LollipopWhere stories live. Discover now