ဟီဆွန်းအဘိုးနှင့် တရားဝင် မိတ်ဆက်ခြင်းအပြီးကတည်းက ဆောင်းဟွန်းထံတွင် ဖိအားများ စုပုံလာသည်။
နေ့စဥ်ဘဝတွင် ထိုအသိုင်းအဝိုင်းနှင့် လိုက်လျောညီထွေအောင် လူနေမှုကဏ္ဍတွေကိုပါ ချုပ်ချယ်သတ်မှတ်လို့
ဆောင်းဟွန်းအနေဖြင့် အံ့ဝင်ခွင်ကျမဖြစ်နိုင်သည့် ပတ်ဝန်းကျင်တွင် ပင်ပန်းသည်ထပ်ပိုသည်။
အထူးသဖြင့် ဆောင်းဟွန်းအား ပိုပင်ပန်းစေသည့် အချက်မှာ နဂိုအတိုင်းပြန်ဖြစ်သွားသည့် အီဟီဆွန်းနဲ့ သူရဲ့ ဆက်ဆံရေးပင်။
နဂိုအတိုင်းလို့ ပြောရအောင် ပုံစံအမှန်ပင် မသိတော့သည့် သူတို့ဆက်ဆံရေး။
ဆောင်းဟွန်းအား အလွယ်တကူလက်မခံခဲ့သည့် အီဟီဆွန်းအဖိုးပြောခဲ့သောလူဆိုတာ ပြုပြင်ပြောင်းလဲဖို့လွယ်ပါသည်ဟူသည့် စကားက သဘောပေါက်စပြုလာသည်။
ထိုစကား၏ ဦးတည်ချက်ဟာ ဆောင်းဟွန်းဘဝအား တစ်စတစ်စ ဘောင်ကွပ်ကန့်သတ်ခြင်းမျိုးဖြစ်လိမ့်မည်။အခုလဲ အဘိုး၏ ညွှန်းကြားချက်ဖြင့် အီလုပ်ငန်းစုအပိုင် ဂေယာတစ်ခုတွင် လုပ်အားပေးရန် အီဟီဆွန်းအား စောင့်နေခြင်း။
ငါးမိနစ်မတိုင်ခင်ကတည်း အောက်ကိုဆင်းခဲ့တော့ ဆိုသည့် မက်ဆေ့ချ်ကြောင့် ဆောင်းဟွန်း စောင့်နေသည်မှာ မိနစ်တွေ စွန်းစွန်း။
မကြာခင် သူ့ရှေ့ထိုးရပ်လိုက်သည့် ကားတစ်စီးက သူ့ခင်ပွန်းလောင်း၏ ကားမှန်း သူမှတ်မိပါသည်။
အရင်လုပ်နေကျတိုင်း ဖွင့်ဟပေးလာသည့် ကားတံခါးမှာ ဖွင့်ပေးသူကတော့ ဟီဆွန်းမဟုတ်။
ဂျိတ်ခ် ...
တစ်နည်း ဟီဆွန်း မလုပ်ချင်သမျှကို အစားဆောင်ရွက်ပေးရသည့် ရှင်းမ်ဂျ်ိတ်ခ်။ဂေဟာသို့ သွားသည့် လမ်းတစ်လျှောက် ဆောင်းဟွန်းဘက် မျက်နှာတောင် မမူသည့် ဟီဆွန်းက သူ့ipad ကိုသာ စူးစိုက်ကြည့်နေသည်။
ဂေဟာ စင်ဝင်အောက်ထိုးရပ်လ်ိုက်သည်နှင့် အဆောက်အဦးထဲမှ ထွက်လာကြသည့် လူကြီးတစ်ယောက်နှင့် စစ်စတာ အချို့။
ဆောင်းဟွန်း တံခါးဖွင့်လို့ ဆင်းမည်ပြုတော့ လက်ကောက်ဝတ်အား ဖမ်းဆုပ်လာသည့် လက်တစ်စုံ။
YOU ARE READING
Lollipop
FanfictionGot a lime green lollipop , Disapearing on my tongue. Need another lollipop, Cause this one is almost gone. Next one I won't chew the top, This one didn't last that long.