Berry Berry Strawberry
အပိုင်း သုံး
ကျယ်ဝန်းပြီး မြက်ခင်းပြင်ပါ ပါရှိတဲ့ ခြံဝန်းကြီးထဲ ဂျီမင်းက ခြေဗလာဖြင့် ဆော့ကစားလျက်ရှိသည်။ ရေစိုနေတဲ့ ရှပ်အင်္ကျီအဖြူရောင်ရယ်၊ လိမ္မော်ဖျော့ဖျော့ဘောင်းဘီတိုရယ်ကြောင့် ဂျီမင်းက လွတ်လပ်ပေါ့ပါးကာ ချစ်ဖွယ်အတိ။ဂျောင်ကုသည် ဂျီမင်းနဲ့ မလှမ်းမကမ်းက စားပွဲဝိုင်းမှာ ထိုင်နေရင်း ဂျီမင်းရှိရာကိုသာ စိုက်ကြည့်နေခဲ့သည်။ ဆံချောင်းတစ်ပင်ချင်းစီရဲ့ လှုပ်ရှားမှုကအစ ဗလာကျင်းနေတဲ့ ခြေဖဝါးလေးတွေ မြက်ပင်တွေပေါ် ထိကပ်သွားတာအဆုံး ဂျောင်ကုက မျက်တောင်ပင်မခတ်ခဲ့။
ထိုသို့ဆော့နေရင်း ဂျီမင်းက သူရှိရာကိုလှမ်းကြည့်ရင်း ပြုံးပြလာသည့်အခါ ဂျောင်ကုရင်ထဲ လိပ်ပြာတွေ အဆုပ်လိုက်ထပျံကုန်တော့သည်။ ဂျီမင်းမျက်ခွံပေါ်က ရေစိုနေတဲ့ glitter လှလှလေးတွေနဲ့တူတဲ့ လိပ်ပြာတွေ။
"Kook"
ဂျီမင်းနှုတ်ဖျားဆီက ထွက်ကျလာသည့် အခေါ်အဝေါ်ကိုလည်း သဘောကျသည်။ လူတင်မကဘူး နာမည်ခေါ်တာကအစ ချစ်ဖို့ကောင်းလွန်းတယ်။ ဂျီမင်းရဲ့ အစစအရာရာတိုင်းက ဂျွန်ဂျောင်ကုအဖို့ ရူးသွားမတတ်ကို ချစ်ဖို့ကောင်းတယ်။
စားပွဲဝိုင်းကထကာ အနားသွားလိုက်ရင်း ရေစိုနေတဲ့ ဆံပင်လုံးလုံးလေးတွေကို နားအနောက်သိမ်းပေးလိုက်တော့လည်း ထပ်ပြီး သဘောတကျပြုံးရယ်နေပြန်ပါသည်။
ပါးပြင်နုနုကို လက်မဖြင့် ခပ်ဖွဖွလေး ပွတ်သပ်ပေးလိုက်ပြီးနောက် အချိုဓာတ်ကို တပ်မက်လွန်းလာတာမို့ နှုတ်ခမ်းလှလှလေးကို နမ်းရှိုက်လိုက်သည်။ ထိုအခါ ခြေဖျားထောက်လိုက်သည့် ဂျီမင်းရဲ့ လက်အစုံက အလိုအလျောက်ဆိုသလို သူ့လည်ပင်းဆီမှာ။
တလက်လက်တောက်ပနေဆဲ glitter လှလှတွေရဲ့အောက်က မျက်ဝန်းကျဉ်းလေးများဟာလည်းအလိုလိုမှေးမှိတ်လို့။ ဂျီမင်းကို ချစ်ရတာ ချိုမြိန်လွန်းတယ်။
ခါးသက်သက်ဘဝမှာ
သူ အတပ်မက်ရဆုံး
အချိုဓာတ်က ဂျီမင်းဖြစ်ခဲ့တယ်။
YOU ARE READING
Berry Berry Strawberry
FanfictionDo you want anything sweet? Honey? Candy? Jelly? no it's Berry Berry Strawberry!