Berry Berry Strawberry
အပိုင်း (၂၀)
Unicode Version
"နောက်အပတ်ထဲကျရင် ဟိုဆော့ဟျောင်းပြန်လာတော့မှာသိလား"
မနက်ခင်း အလုပ်သွားဖို့အတွက် ပြင်ဆင်နေရင်း ဂျီမင်းက လှမ်းပြောလာတော့ ဂျောင်ကုက မှန်ထဲကတဆင့် ခေါင်းငြိမ့်ပြလိုက်တယ်။
"ကိုယ် မနေ့က ဂျီမင်းအတွက် glitter အသစ်ဝယ်လာတယ်"
ဂျောင်ကုရဲ့လေသံထဲမှာ ပျော်ရွှင်တက်ကြွနေခြင်းတို့ ပျော်ဝင်နေတယ်။ လက်ထဲမှာလည်း အသစ်ဝယ်လာတဲ့ glitter eyeshadow ဘူးလေးကို ကိုင်ထားရင်း မှန်ရှေ့က ဂျီမင်းအနားရောက်လာတယ်။
"ကိုယ် ခြယ်ပေးမယ်နော်"
"ဒီနေ့ မခြယ်တော့ဘူး ဂျောင်ကု"
ဂျောင်ကုမျက်နှာပေါ်က အပြုံးတွေ ချက်ချင်းပျောက်ကွယ်သွားရသည်။ ထိုင်နေတဲ့ဂျီမင်းနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ခန္ဓာကိုယ်ကို ကိုင်းထားရာက မတ်မတ်ပြန်ရပ်လိုက်ရင်း မေးတယ်။
"ဘာဖြစ်လို့လဲ နေ့တိုင်း ကိုယ် ခြယ်ပေးနေကျကို"
"ဒီအတိုင်း အပြင်သွားရင်က ကိစ္စမရှိပေမဲ့ ကလေးတွေနဲ့ကျ တစ်မျိုးဖြစ်နေမလားလို့ ဟီး"
ဂျီမင်းကလည်း သူ့အတွေးနဲ့သူ။ ကလေးတွေရှေ့ မျက်စိကျိန်းစရာမျိုးဖြစ်မနေချင်တာကြောင့် တခြားဆရာတွေလိုမျိုး သပ်သပ်ရပ်ရပ်နဲ့ တည်တည်ငြိမ်ငြိမ်ပုံစံလေး ဖမ်းကြည့်ဖို့ ဆုံးဖြတ်ထားခဲ့တာ။
"နောက်မှသုံးတော့မယ်။ လောလောဆယ် ဂျောင်ကုပဲ သိမ်းထားပေးနော်"
"ကောင်းပြီ"
ဂျောင်ကုက ဘာမှမဖြစ်သလိုမျိုး အပြုံးလွှမ်းထားတဲ့နှုတ်ခမ်းတွေနဲ့ ပြောလိုက်ပေမဲ့ လက်ထဲက glitter ဘူးလေးကတော့ တစ်ခုခုအပေါ် မကျေနပ်သလိုမျိုး အားနဲ့ဖျစ်ညှစ်ခံလိုက်ရတယ်။
"သွားကြစို့လေ"
အိတ်ကိုလွယ်ကာ ကျောင်းသွားဖို့ အသင့်ဖြစ်နေခဲ့ပေမဲ့ ဂျောင်ကုက နေရာကမရွေ့သည့်အပြင် မလှုပ်မယှက်မို့ ဂျီမင်းက လှမ်းကြည့်လာတယ်။
YOU ARE READING
Berry Berry Strawberry
FanfictionDo you want anything sweet? Honey? Candy? Jelly? no it's Berry Berry Strawberry!