Berry Berry Strawberry
အပိုင်း ၁၅
"ငါ့ညီက မတွေ့တာကြာတော့ ပိုကြည့်ကောင်းလာတာပဲ"
ပခုံးကနေ ခပ်တင်းတင်းဆွဲဖက်လိုက်တဲ့ ဟျောင်းက ဂျောင်ကုခေါင်းပေါ်က ဆံပင်တွေပါ ချစ်စနိုးနဲ့ ဖွလိုက်သေးတယ်။ အကြာကြီးနေမှ ပြန်တွေ့ရတဲ့ဟျောင်းကို ဂျောင်ကုက သိသိသာသာ ပျော်ရွှင်နေတဲ့မျက်ဝန်းဝိုင်းတွေနဲ့ ကြည့်နေခဲ့တယ်။
သူမျှော်နေခဲ့ရတဲ့ဟျောင်း ပြန်လာပြီပေါ့။
"ဂျောင်ကု အဲ့မှာဘာရပ်လုပ်နေတာလဲ။ အတူတူထမင်းစားကြရအောင်လေ"
ကျန်တဲ့မိသားစုဝင်တွေကိုပါ နှုတ်ဆက်ရင်း အိမ်ထဲဝင်သွားတဲ့ဟျောင်းက နောက်ပြန်လှည့်ကြည့်လာရင်း တံခါးပေါက်နားမှာ ရပ်ကျန်နေခဲ့တဲ့ ဂျောင်ကုကို လက်ယပ်ခေါ်တယ်။
သူ့ကိုပြုံးရယ်ပြနေတဲ့ ဟျောင်းကို ပြန်ပြုံးပြလိုက်ရင်း အတူတူ ထမင်းစားခန်းထဲ ဝင်ခဲ့ကြတယ်။ ဖွယ်ဖွယ်ရာရာ ထမင်းပွဲကြီးက အိမ်ပြန်ရောက်လာတဲ့ ဟျောင်းကို ကြိုဆိုတဲ့အနေနဲ့ သေချာပြင်ဆင်ထားမှန်း သိသာလွန်းတယ်။
"ဟျောင်းရဲ့ကုကီလေးက အသားစားရတာကြိုက်တယ်မလား"
မမေ့မလျော့ဆိုသလို ဂျောင်ကုရဲ့ထမင်းပန်းကန်ထဲ ဟျောင်းက သူကြိုက်တတ်တဲ့ ဟင်းတွေ ခပ်ထည့်ပေးလာတယ်။
"ဟျောင်းလည်းစားလေ"
"စားပါ့ဗျာ"
ဟျောင်းနဲ့၊ မိသားစုဝင်တွေနဲ့ အခုလိုမျိုး လက်ရည်တပြင်တည်း ပြန်စားရတဲ့ ထမင်းဝိုင်းလေးကြောင့် ဂျောင်ကုက အိပ်မက်မက်နေသလို ခံစားလိုက်ရတယ်။
ဟျောင်းက ပြုံးရယ်နေသလို သူရောပဲ ပျော်ရွှင်နေခဲ့တာ။ သူ့ပန်းကန်ထဲ ဟျောင်းထည့်ပေးလာသမျှ ဟင်းတွေကိုလည်း ဟျောင်းရှေ့မှာတင် အားရပါးရစားပြဖြစ်ခဲ့တယ်။
"ဂျောင်ဟွန်းနား!"
ဘယ်ကထွက်လာမှန်းမသိတဲ့ အော်သံကျယ်တစ်ခုကို ဂျောင်ကု ကြားလိုက်ရတယ်။ ချက်ချင်းဆိုသလို သူကလွဲလို့ ထမင်းဝိုင်းတစ်ခုလုံးလည်း အော်သံ၊ငိုသံတွေနဲ့ ဆူပွက်သွားရတယ်။
YOU ARE READING
Berry Berry Strawberry
FanfictionDo you want anything sweet? Honey? Candy? Jelly? no it's Berry Berry Strawberry!