Berry Berry Strawberry
အပိုင်း ၂၂
Unicode Version
ဒီနေ့မနက် အိပ်ရာထရတာ ထူးထူးခြားခြား ဂျောင်ကု ပျော်နေတယ်။ စိတ်အစုံကလည်း လန်းဆန်းတက်ကြွနေပြီး ထိုကဲ့သို့သောခံစားချက်က မျက်နှာမှာပါ သိသိသာသာ ပေါ်လွင်နေခဲ့တယ်။
အခုထိ အိပ်မောကျနေသေးတဲ့ Cotton Candy လေးကိုလည်း မနှိုးတော့ဘဲ တစ်ယောက်တည်း ခြေသံလုံလုံနဲ့ အခန်းပြင်ထွက်ခဲ့တယ်။ နိုးလာရင် ဂျီမင်းစားဖို့အတွက် မနက်စာ အသင့်ပြင်ပေးထားရမယ်။
အရသာရှိပြီး ဂျီမင်းသဘောကျလောက်မဲ့ စားစရာတွေအကုန်လုံးကိုလည်း အလွတ်ရနေပြီးသားမို့ ဂျောင်ကုက သီချင်းလေးတညည်းညည်းနဲ့ပဲ မနက်စာပြင်ဆင်ခြင်းကို စတင်လိုက်တယ်။
အကုန်ပြင်ဆင်ပြီးသွားတဲ့အထိအောင် ဂျီမင်းမနိုးသေးသည့်အခါ အချိန်ရသေးတာမို့ ရေပါချိုးလိုက်တယ်။ ရေချိုးပြီးလို့ ပြန်ထွက်လာတာတောင် ဂျီမင်းက ကုတင်ပေါ်မှာ အိပ်ပျော်နေဆဲ။
“ဂျီမင်း...baby”
ဂျောင်ကုက တိုးတိုးဖွဖွလေး ခေါ်လိုက်ရင်း အိပ်ပျော်နေသည့် ဂျီမင်းဘေးက ကုတင်စွန်းမှာ ဝင်ထိုင်လိုက်တယ်။ သူသဘောမကျတဲ့ အနက်ရောင်ဆံပင်တွေကြောင့် နည်းနည်းစိတ်ညစ်ရပေမဲ့ မလောပါဘူး၊ အခုကစလို့ ဂျီမင်းက သူနဲ့ဝေးရာ ဘယ်ကိုမှ ထွက်သွားနိုင်တော့မှာမဟုတ်လို့။
“ကိုယ် မနက်စာပြင်ထားတယ်။ အိပ်ပဲအိပ်မနေဘဲ ထတော့နော်”
ဂျီမင်းရဲ့ ပါးပြင်ကို လက်ချောင်းတွေနဲ့ အနူးညံ့ဆုံးဆိုသလို ပွတ်သပ်လိုက်ရင်း ခပ်ဖွဖွနှိုးတယ်။ သို့သော် ဂျီမင်းက တုတ်တုတ်ပင်မလှုပ်။
“ဂျီမင်း ကိုယ်ပြောတာကြားလား ဟင်”
နားရွက်ကို လက်ကလေးနဲ့ ခပ်ဖွဖွတောက်ပေးလိုက်တော့ cotton candy ရဲ့ မျက်နှာလှလှလေးဟာ တွန့်ခနဲ။
“ဂျောင်ကု...လား”
ဇွတ်အတင်း အားယူကာ ဖွင့်ကြည့်လာတဲ့ မျက်လုံးမှေးမှေးလေးတွေနဲ့ ဂျီမင်းဟာ မသဲမကွဲဖြစ်နေတဲ့ ဝေဝါးဝါးမြင်ကွင်းကြောင့် တိုးတိုးလေး မေးလိုက်တယ်။
CZYTASZ
Berry Berry Strawberry
FanfictionDo you want anything sweet? Honey? Candy? Jelly? no it's Berry Berry Strawberry!