အပိုင်း (၂၁)

3.2K 481 82
                                    

Berry Berry Strawberry

အပိုင်း (၂၁)

Unicode Version

Mood Music - Tattoo by Loreen

“ဂျောင်ကု တကယ်အဆင်ပြေရဲ့လား။ စိတ်မချရတာမို့ ကျွန်တော်တို့ ဆေးခန်းပဲသွားရအောင်ပါ”

ပိုက်ဆံအိတ်လေးကို ကောက်လွယ်ကာ ဂျောင်ကုလက်ကိုဆွဲပြီး ဆေးခန်းပြေးဖို့ပြင်လိုက်တဲ့ ဂျီမင်းရဲ့လက်ကို ဂျောင်ကုက ပြန်ဆွဲလိုက်တယ်။

ဂျောင်ကုရဲ့လုပ်ရပ်ကြောင့် ဂျီမင်းက နားမလည်တဲ့မျက်လုံးလေးတွေနဲ့ လှမ်းကြည့်လာတယ်။

“ကိုယ် အဆင်ပြေပါတယ်။ ဘာမှမဖြစ်ဘူး၊ အဆင်ပြေတယ်”

အဆင်ပြေတယ်လို့ပြောနေတဲ့ ဂျောင်ကုရဲ့လက်တွေက အခုထိ တုန်နေ‌သေးတာကို ဂျီမင်းမြင်နေရတယ်။ ဂျောင်ကုသာ တစ်ခုခုဖြစ်ရင် ဂျီမင်းက အရင်ဆုံး သေသွားလိမ့်မယ်။

“ကိုယ့်အနားမှာပဲ နေပေးလို့ရမလား။ ဂျီမင်းသာ ကိုယ့်အနားမှာရှိနေရင် ကိုယ် တကယ်အဆင်ပြေတယ်”

ဂျီမင်းသိပ်ချစ်ရတဲ့ မျက်လုံးဝိုင်းတွေရဲ့ အရှင်သခင်က လေသံဖျော့ဖျော့လေးနဲ့ ပြောလာတဲ့အခါ ဂျီမင်းရဲ့ တစ်ကိုယ်လုံးက အင်အားတွေ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရတယ်။

သူ့လက်ကိုဆွဲထားတဲ့ ဂျောင်ကုလက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ရင်း ဘာမှပြန်မပြောမိဘဲ ဂျောင်ကုဘေးမှာ အလိုက်တသိ ဝင်ထိုင်လိုက်တယ်။ အကြည့်ချင်းဆုံမိတော့ ခုထိ မခြောက်‌သေးတဲ့ မျက်ရည်စတွေ ရှိနေသေးတဲ့ ဂျောင်ကုက ဂျီမင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လာတယ်။

“တကယ်အဆင်ပြေမှာသေချာလားဟင်”

“အင်း သေချာတယ်။ ဂျီမင်းပဲရှိနေပေး”

စကားဆုံးတော့ ဂျောင်ကုက ဂျီမင်းကို ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်တယ်။ နူးနူးညံ့ညံ့ အပြုအမူတွေနဲ့ ဆန့်ကျင်ကာ ကွဲပြားခြားနားနေတဲ့ ကြောင်တောင်တောင်မျက်လုံးတွေကတော့ ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း အသေကောင်လိုမျိုး။

Berry Berry Strawberry Donde viven las historias. Descúbrelo ahora