အပိုင်း ၁၄

2.8K 580 89
                                    

Berry Berry Strawberry

အပိုင်း ၁၄

Dance Academy ရှေ့ ထိုးရပ်လာတဲ့ Harley Davidson ကြီးပေါ်ကနေ ဂျီမင်း ဆင်းခဲ့လိုက်တယ်။

“ညနေ လာကြိုမယ်”

“အိုကေ”

ဆိုင်ကယ်ဦးထုပ်ကိုချွတ်ကာ ခေါင်းထက်က cotton candy ဆံနွယ်တွေကို မသိမသာလေး ပြန်ဖွလိုက်တယ်။ ဂျီမင်းရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေတဲ့ ဂျောင်ကုက အပြုံးမပျက်။

“အချိန်စောဆင်းရင် ကိုယ့်ကို ဖုန်းဆက်ဖို့မမေ့နဲ့”

“ဟုတ်ကဲ့ပါ”

နောက်ဆုံးအနေနဲ့ ပါးတစ်ဖက်ကို လက်ညှိုးထိုးပြတော့ ဂျီမင်းက ခါးလေးကိုင်းကာ ထိုပါးတစ်ဖက်ကို လှမ်းနမ်းလိုက်တယ်။ ထိုအနမ်းကြောင့်ပဲ ဂျောင်ကုရင်ထဲ ပန်းမျိုးစုံတို့ ဖူးပွင့်ကုန်တယ်။

“တာ့တာ ဂျောင်ကု”

ကလေးတစ်ယောက်လိုမျိုး သူ့ကို လက်ပြနှုတ်ဆက်ရင်း cotton candy လေးက Dance Academy ထဲကို ပြေးဝင်သွားတော့တယ်။ အဆောက်အဦကြီးထဲ ဂျီမင်းဝင်သွားတာကို မျက်စိတဆုံးလိုက်ကြည့်ပြီးမှ ဂျောင်ကုက ဆိုင်ကယ်ကို ပြန်လှည့်မောင်းထွက်ခဲ့တယ်။

“ဂျွန်ဂျောင်ကု မှန်နေတာပဲ”

အစောကတည်းက Dance Academy ရှေ့မှာရပ်ထားတဲ့ ကားအနက်ထဲက အမျိုးသမီးအသံက မလိုမုန်းတီးခြင်းအပြည့်ဖြင့်။ ပေါင်ပေါ်တင်ထားတဲ့ လက်နှစ်ဖက်ကို သွေးကြောတို့ထင်းလာသည်အထိ ကျစ်နေအောင်ဆုပ်ထားပုံက နာကျည်းချက်တို့ရှိနေပုံ။

“ဒါပြီးရင် ဘယ်ဆက်သွားပေးရမလဲ မမလေး”

“ရပြီ။ အိမ်ပဲပြန်မယ်”

“ဟုတ်ကဲ့”

Dance Academy ရှေ့ကနေ လျှောခနဲ မောင်းထွက်သွားတဲ့ အနက်ပြောင်ပြောင် ကားတစ်စီးနောက်မှာ အခုထိဖွင့်မချရသေးတဲ့ ဇာတ်လမ်းတချို့ ရှိနေခဲ့လေတယ်။ သေချာတာက ထိုဇာတ်လမ်းမည်သည် ဘယ်နည်းနဲ့မှ ကောင်းမွန်တဲ့အတိတ်မဖြစ်နိုင်။

Berry Berry Strawberry Donde viven las historias. Descúbrelo ahora