အပိုင်း ၁၇

3.2K 533 265
                                    

Berry Berry Strawberry

အပိုင်း ၁၇

Unicode Version

ချစ်မေတ္တာမှာ အတိမ်အနက်ရှိတယ်လို့ လူတွေကပြောကြတယ်။ ဒီလိုဆို သူဟာလည်း ရေပြင်လိုပဲပေါ့၊ အတိုင်းအတာအားဖြင့် ပိုနက်လေ ပိုအန္တရာယ်ရှိလေဖြစ်လာတယ်။

______________


“ဒီနေ့ နှင်းကျပြီး ခါတိုင်းထက်ပိုအေးမှာ”

ဆိုဖာပေါ် အသင့်တင်ထားတဲ့ အနွေးထည်ကို ကောက်ယူလိုက်ရင်း ဂျောင်ကုက ဂျီမင်းကို အသေအချာကို ဝတ်ပေးလာတယ်။ အနွေးထည်ရဲ့ အိတ်ထောင်ထဲမှာလည်း လက်အိတ်လေးနှစ်ခု။

ဒီလိုမျိုး ဂျောင်ကုရဲ့ ဂျီမင်းအပေါ် ဂရုစိုက်မှုတွေက ချစ်သူရည်းစားတစ်ယောက်အနေနဲ့ ကြည်နူးဖို့ကောင်းပေမဲ့ မမြင်ရတဲ့တစ်ဖက်ခြမ်းမှာတော့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေနဲ့ ရောထွေးနေခဲ့တယ်။

“သွားကြစို့”

“ဟုတ်ကဲ့”

သူ့အနားမှာ ဂျောင်ကုရှိနေမှ လုံခြုံမယ်လို့ တထစ်ချမှတ်ယူထားပြီဖြစ်တဲ့ ဂျီမင်းကတော့ ပြုံးရွှင်စွာပဲ ဂျောင်ကုလက်ကိုတွဲရင်း တိုက်ခန်းထဲက ထွက်လာခဲ့တယ်။

“ကိုယ့်ခါးကို သေချာဖက်ထား”

စကားနားထောင်စွာ လိမ်လိမ်မာမာပဲ ခါးကို လက်နှစ်ဖက်လုံးနဲ့ ခပ်တင်းတင်းဖက်လာတဲ့ cotton candy လေးကြောင့် ဂျောင်ကုက ပြုံးလိုက်တယ်။ ဂျီမင်းသာ ဒီလိုမျိုးလေး အမြဲလိမ္မာနေမယ်ဆိုရင် ကိုယ်တို့အဆင်ပြေပါတယ်။

အဓိကက ကိုယ့်စကားကိုနားထောင်ပြီး လိမ္မာတတ်ဖို့ပဲ ကိုယ့် cotton candy ။

“ညနေကျ လာကြိုမယ်။ စောဆင်းရင် ဘာလုပ်ရမလဲဆိုတာရော သိတယ်မလား”

ဂျီမင်းက ခေါင်းငြိမ့်ပြလာတယ်။

“တစ်ယောက်တည်းမပြန်ရဘူး။ ဂျောင်ကုကို ဖုန်းလှမ်းဆက်ရမယ်”

Berry Berry Strawberry Donde viven las historias. Descúbrelo ahora