အပိုင်း ၁၈

2.8K 529 166
                                    

Berry Berry Strawberry

အပိုင်း ၁၈

Unicode Version


ဒီနေ့ ဂျီမင်းက ပထမဆုံးဝင်မဲ့အလုပ်အတွက် မနက်အစောကြီးကတည်းက နှိုးစရာတောင်မလိုဘဲ ထပြီးပြင်ဆင်နေတာ။ အခုလည်း ရေချိုးနေတုန်းက ဂျောင်ကုက ဂျီမင်း ဒီနေ့ဝတ်ရမဲ့ အဝတ်အစားကို ဗီဒိုထဲကနေ ရွေးထုတ်ပေးနေခဲ့တယ်။

အရောင်စုံအင်္ကျီလေးတွေထဲက အစိမ်းရောင်လေးကို ထုတ်ယူကာ တစ်ချက်ဖြန့်ကြည့်လိုက်တယ်။ ဖြူဖြူအုအု cotton candy လေးသာနဲ့ဆို သကြားလုံးအစိမ်းလေးလိုမျိုး သိပ်ချစ်ဖို့ကောင်းနေမှာပဲ။

တစ်ယောက်တည်း ဂျောင်ကုက ပြုံးလိုက်သည်။

တံခါးဖွင့်သံနောက်မှာ ဆပ်ပြာနံ့သင်းသင်းလေးနဲ့ ဂျီမင်းက ရေချိုးခန်းထဲက ပြန်ထွက်လာတယ်။

“ကိုယ့်ဆီလာ”

“လူကို ကလေးကျနေတာပဲ”

ဂျီမင်းက မကျေနပ်ချင်ယောင်ဆောင်ကာ ပြောလိုက်ပေမဲ့ ဂျောင်ကုအနားကို ရောက်လာတယ်။

“ဂျီမင်းက ကိုယ့်ကလေးလေးပဲလေ”

တဘက်ဖြူဖြူလေးနဲ့ မျက်နှာပေါ်က ရေစက်လေးတွေကို အရင်သုတ်ပေးရင်း ဂျောင်ကုကပြောတော့ ဂျီမင်းက တခစ်ခစ် ရယ်တယ်။ အဲ့ဂျောင်ကုကြီးကလေ စကားတအားတတ်တာပဲ။

“လက်ပေး”

မျက်နှာကို သုတ်ပေးပြီးသွားတော့ ဂျီမင်းလက်ကလေးတွေကိုဆွဲယူကာ အသေအချာရေသုတ်ပေးပြန်တယ်။ ဒီလိုမျိုး ဂျောင်ကုရဲ့အပြုအမူတွေက နူးညံ့တာထက်ကို ပိုလွန်းတယ်။

သူ့ကို ဂရုတစိုက် ရေသုတ်ပေးနေတဲ့ ဂျောင်ကုကိုကြည့်ရင်း ဂျီမင်းရင်ထဲ သဘောကျခြင်း လှိုင်းကလေးတွေထလာတယ်။ ဒီကမ္ဘာပေါ်မှာ ဂျောင်ကုလောက် သူ့အပေါ် ဂရုစိုက်ပြီး ချစ်ပေးနိုင်မဲ့သူမျိုး မရှိနိုင်တော့ဘူးလို့ ဂျီမင်းက တွေးလိုက်မိတယ်။

“ဘာတွေသဘောကျပြီး ပြုံးနေတာလဲ”

“ဒီအတိုင်း”

ဝန်မခံချင်တာကြောင့် ဂျီမင်းက ဘာမှအရေးမကြီးသလို ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ သူ့ကိုယ်သူ ကံအကောင်းဆုံးလူသားလို ခံစားနေရတယ်။ ဘယ်သူရှိဦးမှာလဲ၊ အကုန်လုံးက ဂျောင်ကုကြောင့်ပဲပေါ့။

Berry Berry Strawberry Opowieści tętniące życiem. Odkryj je teraz