1 U /Z

4.4K 82 4
                                    

Uni

✳️အပိုင်း ၁✳️

"မောင့် ဘယ်လိုအလုပ်တွေ လုပ်နေတာလဲ"

အခန်းထဲဝင်လာပြီး  အပေါ်ထပ် အင်္ကျီချွတ်နေသော  မောင့် အနောက်မှာ နိုရာ ရပ်ပြီး မေးလိုက်လေရာ မောင့်က သူမကိုပင်လှည့်မကြည့်လေဘဲ လေသံအေးအေးဖြင့် ပြန်ပြောလာသည့်က

"မင်း ဘယ်လိုထင်လို့လဲ နိုရာ"

နိုရာ သွေးအေးလွန်းလှသည့် မောင့်နှင့် မျက်နှာချင်းဆိုင်တွင်ရပ်လိုက်ပြီး

"တကယ်ပဲ  တကယ်ပဲ၊ မောင့် နဲ့ မမသဒ္ဒါက သူများတွေ ပြောနေသလို တွဲနေကြတာလား"

"အဲ့ဒီတော့"

"မောင်"

သွေးအေးစွာ အရယ်အပြုံး မရှိပြောနေသော မောင်ကြောင့် နိုရာ ဒေါသတွေ ချုပ်တီးထားရသမျှ ပွင့်ထွက်ကုန်ရလေသည်။

"မောင်က ဒါဆို နိုရာနောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ပေါ့ ဟုတ်လား မောင်"

"ဟာ ဘာတွေနားလာငြီးနေတာလဲ နိုရာ၊ ငါ့က ဖြေရှင်းချက်ပေးနေရတာကို မကြိုက်ဘူး၊ ဒီကိစ္စလည်း မင်းကို ငါ့ ဖြေရှင်းချက်မပေးလိုဘူး"

"မောင်က နိုရာကို ဘယ်လိုသတ်မှတ်ထားတာလဲ၊ နိုရာက မောင့်ဇနီးဆိုတာရော မောင့် တွေးမိသေးရဲ့လား"

ဒေါသတွေ ဖြစ်လွန်းသဖြင့် နိုရာ အသားတွေတဆက်ဆက်တုန်နေရလေသည်။  နိုရာအချစ်ကို လှည့်စားခဲ့သည့် မောင့်ကို နိုရာ စိတ်နာသင့်သလား။

ထက်ရှိုင်း တစ်ယောက် နိုရာကို စက်ဆုတ်ဖွယ်ရာကြည့်လိုက်ပြီး

"မင်းဟာ ငါ့ ဇနီးဆိုတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ ဒါပေမယ့် ငါ့ ချစ်ရတဲ့ မိန်းမက မင်းမဟုတ်ဘူး နိုရာ၊ ပြီးတော့ မင်းကို ငါ့ရဲ့ ဇနီး အိမ်ရှင်မ အဖြစ် ဘယ်သောအခါမှ အသိအမှတ်မပြုဖူးဘူး၊  ဘာလို့လဲ သိလား၊ မင်းမှာ အိမ်ရှင်မဖြစ်ဖို့ သဒ္ဒါလောက်တောင် အရည်အချင်း မရှိဘူး ဆိုတာ မင်းဦးနှောက်ထဲ ရိုက်သွင်းထား"

"မောင်"

ဒေါသစွတ်နေသော သူမ ခေါ်သံကို ဥပေက္ခာပြုကာ ထက်ရှိုင်း လှည့်ထွက်လာခဲ့လိုက်လေသည်။ ဒီမိန်းမကို သူ့ သိပ်မုန်းခဲ့သည်။ ၂နှစ်အတွင်း အိမ်ထောင်သည်ဆိုသော ဘဝမှာ သူ့ ခြေချုပ်မိခဲ့ပြီးပြီ ဖြစ်သည်။  အခုတော့ သူ့ ဘဝကို လွှတ်လပ်စွာ အတောင်ပျံ ဖြန့်ပြီး ပျံသန်းခွင့်ရဖို့ ဒီမိန်းမရဲ့ အချုပ်ထောင်ထဲက လွှတ်မြှောက်ခွင့်ရဖို့ သူ့ကြိုးစားရမည် ဖြစ်သည်။
                    ✳️✳️✳️

အရင်းနှီးဆုံးသူစိမ်းWhere stories live. Discover now