Uni
"အရင်းနှီးဆုံး သူစိမ်း"
"အပိုင်း ၁၃"
မောင် နှင့် သဒ္ဒါ တရားဝင်ကွာရှင်း ပြတ်ဆဲကြပါပြီ။ မောင်သည် သဒ္ဒါ၏ ယုတ်မာမှုကို မသိဘဲ နိုရာကို ကွာရှင်းပြီး သဒ္ဒါကို လက်ထပ်ခဲ့ခြင်းသည် သူ့ အတွက် အမှားဖြစ်နေသည့်ကို သူ ကောင်းစွာ သိနေခဲ့သည်။
သားသမီးအရင်းနှင့် ဝေးကွာခဲ့ရသည့် ဖခင်တစ်ဦး၏ ခံစားချက်တို့သည် လွန်စွာမှ ဆိုးဝါးလွန်းနေမှာ မလွဲပေ။
"အရာရာအားလုံးအတွက် တောင်းပန်ပါတယ် ကိုထက်ရှိုင်း။ ကျွန်မရဲ့ မဆင်မခြင်လုပ်ရပ်တွေအတွက် မနစ်နာသင့်တဲ့ သူတွေ နစ်နာခဲ့ရတာပါ"
"ပြီးသွားတဲ့ အတိတ်တွေကို မေ့နိုင်အောင် ကြိုးစားပြီး အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ သဒ္ဒါ"
ထက်ရှိုင်း စကားကြောင့် သဒ္ဒါ ပြုံးမိသည်။ သဒ္ဒါဘဝမှာ အမှားတွေ အများကြီးကို ကျူးလွန်းခဲ့ဖူးသည်။ ထိုအမှားတွေ အတွက် နိုရာတို့ သားမိကို သူမကိုယ်တိုင် တောင်းပန်ရန် ကြိုးစားခဲ့သည်။ နိုရာသည် သူမ အပေါ်တွင် နဂိုကတည်းက အပြစ်မြင် မုန်းတီးခဲ့ခြင်း မရှိသူ ပီပီ သူမကို မုန်းစိတ်မထားဘဲ ခွင့်လွှတ်ပေးခဲ့သည်။
"အန်တီနဲ့ နိုရာ အပေါ် ကျွန်မ အများကြီးမှားခဲ့ပါတယ် အဲဒီအတွက် ကျွန်မ တောင်းပန်ပါတယ်။ ဒါက အန်တီတို့ဆီက ကျွန်မ မတရားယူထားတဲ့ အန်တီတို့ ပိုင်တဲ့ ပိုင်ဆိုင်မှု စာချုပ်တွေပါ။ အားလုံးကို အန်တီ အမည်နဲ့ ကျွန်မ ပြန်လွှဲခဲ့ပါတယ်"
နိုရာသည် မျက်စိရှေ့ရောက်လာသည့် စာချုပ်တွေကို ယူကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး
"ဒါတွေက ရှင့် အဖေပိုင်တာတွေ ရှင် ရသင့်တာတွေပဲ မဟုတ်ဘူးလား မသဒ္ဒါ"
နိုရာထံမှ ထိုစကားကို ကြားရသည့်အခါ သဒ္ဒါ မချိပြုံးပြုံးလိုက်ပြီး
"တချို့ အရာတွေက ကိုယ်ပိုင်ဆိုင်တယ် ထင်ရပေမဲ့ တကယ်တမ်း ကိုယ့်နဲ့ မသက်ဆိုင်မှန်း သိလိုက်ရတဲ့အခါ ကိုယ်က သူစိမ်းပါပဲ နိုရာရယ်"
YOU ARE READING
အရင်းနှီးဆုံးသူစိမ်း
Romanceကျွန်မ မျက်ရည်တွေနဲ့ ခင်းခဲ့တဲ့ အချစ်တွေက အခုတော့ အဆုံးသတ်သွားပြီ။ မောင် မချစ်တဲ့ မိန်းမ ကျွန်မကို မုန်းချင်တယ် ဆိုလည်း သက်သက်သာသာ မုန်းပါမောင်ရယ်။ နိုရာ ဆိုတဲ့ ကျွန်မက မောင့် အတွက် အမုန်းခံမိန်းမသားပါ။