✳️အပိုင်း ၉✳️
သမီးနေကောင်းပြီ ဆိုကတည်းက နိုရာ အလုပ်တွေ ပြန်လုပ်ခဲ့လေသည်။ ဒယ်ဒီရှိစဥ်က ဦးစီးခဲ့သည့် အထည်စက်ရုံကို နိုရာ ပြန်ဦးဆောင်ခဲ့လေသည်။ သမီးနှင့် မာမီကိုတော့ အရင်နေသည့် အိမ်လေးမှာသာ လိုလေသင့်မရှိလေအောင် ပြည့်ပြည့်စုံစုံထားပေးခဲ့လေသည်။
"တီ တီ တီ"
ရုတ်တရတ် ဖုန်းမြည်သံကြောင့်ကြည့်လိုက်တော့ မိုးဝဿန်ဆီမှ ဖြစ်နေလေသည်။ နိုရာ စက်ရုံထံမှ ထွက်လာပြီး ကားပါကင်ကို လျှောက်လာစဥ် ဖုန်းမြည်သံကြောင့် ဖုန်းကို ကိုင်လိုက်စဥ်
"နိုရာ နင့် အခုဘယ်မှာလဲ"
တစ်ဖက်မှ အလောတကြီးမေးလာလေသော မိုးဝဿန်၏ အသံကြောင့် နိုရာမျက်ခုံးကိုပင့်လိုက်ပြီး
"ဘာဖြစ်လို့လဲ ဝဿန်"
"နင့် သမီးကို ထက်ရှိုင်းခေါ်သွားတယ်တဲ့၊ အန်တီ ငါ့ဆီဖုန်းဆက်တယ်၊ နင့်ဆီ ဖုန်းဆက်မရလို့တဲ့"
"ဟင်"
ဖုန်းကို စပီကာဖွင့်ပြီး အဝင်ဖုန်းတွေထဲ ဝင်ကြည့်လေတော့ မာမီခေါ်ထားသည့် ဖုန်းတွေကို တွေ့လိုက်ရလေသည်။
"ငါ့ အစည်းအဝေးခန်းထဲရောက်နေလို့ မသိလိုက်တာ၊ ဒီလူဘာအချိုးချိုးတာလဲ တောက်!"
ပြင်းထန်စွာ တောက်ခက်သံနှင့်အတူ နိုရာ ကားပေါ်တက်လိုက်ပြီး ကားစတီယာတိုင်ကို ခပ်ပြင်းပြင်းဖိဆုတ်ကိုင်ထားလိုက်မိလေသည်။
"နိုရာ နင့် အခုဘာလုပ်မှာလဲ"
"အဲ့ဒီကောင် ဘယ်မှာရှိလဲ ငါ့သိတယ်၊ ငါ့ အခုအဲ့ဒီကိုသွားမယ်"
"နင်တစ်ယောက်တည်း ဖြစ်ပါမလား"
စိုးရိမ်စွာ မေးလာသည့် မိုးဝဿန်စကားကို နားမထောင်လိုတော့သဖြင့် ဖုန်းကိုပိတ်ကာ ကားကိုသာ အကြမ်းပတမ်းမောင်းထွက်လာခဲ့လိုက်လေသည်။
သူမရဲ့ဦးတည်ရာက ထက်ဝေဦး၏ ကွန်ဒိုတိုက်ခန်းသို့ ဖြစ်သည်။
✳️✳️✳️ကိုယ့်သွေးသား ဟူသော အသိက သူ့ နှလုံးသွေးတွေကို ငြိမ်းညောင်းသာယာအေးမြစေခဲ့လေသည်။ နှလုံးအိမ်မှာလည်း အေးမြမှုနှင့် အတူ ပူလောင်ခြင်းကိုလည်း တဆက်တည်း ခံစားလိုက်ရလေသည်။
YOU ARE READING
အရင်းနှီးဆုံးသူစိမ်း
Romanceကျွန်မ မျက်ရည်တွေနဲ့ ခင်းခဲ့တဲ့ အချစ်တွေက အခုတော့ အဆုံးသတ်သွားပြီ။ မောင် မချစ်တဲ့ မိန်းမ ကျွန်မကို မုန်းချင်တယ် ဆိုလည်း သက်သက်သာသာ မုန်းပါမောင်ရယ်။ နိုရာ ဆိုတဲ့ ကျွန်မက မောင့် အတွက် အမုန်းခံမိန်းမသားပါ။