Uni
✳️အပိုင်း ၆✳️
"တိမ်လွှာငယ်"
တိမ်လွှင့်ငယ်လေး တစ်ယောက် အပြင်းဖျားကာ ဆေးရုံရောက်ရလေပြီ။ နိုရာ တစ်ယောက် ညချင်းပင် ဆေးရုံရောက်ခဲ့ရလေသည်။
"ဝဿန် သမီးလေးက ဘယ်လိုဖြစ်မှာလဲဟင်"
မျက်နှာငယ်လေးဖြင့် မေးနေသော နိုရာကို ကြည့်ပြီး ဝဿန် သနားမိလေသည်။ ဆရာဝန်တစ်ယောက်အနေဖြင့် သမီးကို အတက်နိုင်ဆုံး ကယ်တင်နိုင်ဖို့ ကြိုးစားနေသော်လည်း နောက်ဆုံး သူပင် လက်လျှော့ရမလို ဖြစ်နေလေသည်။
"သမီးက အရမ်းအဖျားကြီးတယ်၊ သမီးအတွက် သွေးလည်း လိုနေတယ်၊ သွေးက"
စကားကို ဆက်မပြောလေဘဲ ရပ်တန့်သွားသော မိုးဝဿန်ကို နိုရာ အထိတ်တလန့်ကြည့်လိုက်လေလျှင် မိုးဝဿန် သက်ပြင်းကို ရှိုက်ရင်း
"သမီးလေးအတွက် လိုအပ်တဲ့ သွေးကို ထက်ရှိုင်းဆီက ယူမှရမယ်"
"ဟင်"
မိုးဝဿန် စကားအဆုံးတွင် နိုရာ ခန္ဓာကိုယ်လေး ယိုင်လုမတက် ဖြစ်သွားရလေသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။ သမီးရဲ့ ဖြစ်တည်မှုကိုပင် လက်မခံနိုင်သည့် လူက သူ့ သွေးတစ်စက်ကိုပင် သမီးကို ပေးမည် တဲ့လား။
ထိုအတွေးနှင့်ပင် သူမ ရူးမတက်ခံစားလိုက်ရလေသည်။ မဖြစ်မှ မဖြစ်နိုင်တာ။
"ဒါ ဒါပေမယ့် သူက လက်ခံပါမလား"
မိုးဝဿန် သက်ပြင်းကိုဖွဖွရှိုက်ရင်း
"ကြိုးစားကြည့်ကြတာပေါ့၊ အခုအချိန်မှာ သမီးလေး အသက်ထက် ဘယ်အရာမှ အရေးမကြီးပါဘူး၊ ငါ့လည်း လိုက်ခဲ့မယ်"
မိုးဝဿန် နှင့် နိုရာ မျှော်လင့်ချက်ရေးရေးလေးကို ဆုတ်ကိုင်ကာ ထက်ရှိုင်းနှင့် သဒ္ဒါရှိရာ ရောက်လာခဲ့လေသည်။
"မင်းတို့ ဘာလာလုပ်တာလဲ"
အိမ်ထဲဝင်လာစဥ် သဒ္ဒါ မေးလိုက်သော မေးခွန်းကြောင့်
"ကျွန်မ ကိုထက်ရှိုင်းနဲ့ တွေ့ဖို့ လာခဲ့တာ"
"အဟွန့် ဘာအကြောင်းနဲ့ ကာမပိုင်ဇနီးမယားရှိတဲ့ ယောကျာ်းတစ်ယောက်ကို တွေ့ချင်တယ် ဆိုတော့ မင်းရဲ့ မပြတ်သေးတဲ့ ဘယ်လို အနွယ်အငင်ကြိုးတွေကို ဆက်ချင်နေသေးတာလဲ"
YOU ARE READING
အရင်းနှီးဆုံးသူစိမ်း
Romanceကျွန်မ မျက်ရည်တွေနဲ့ ခင်းခဲ့တဲ့ အချစ်တွေက အခုတော့ အဆုံးသတ်သွားပြီ။ မောင် မချစ်တဲ့ မိန်းမ ကျွန်မကို မုန်းချင်တယ် ဆိုလည်း သက်သက်သာသာ မုန်းပါမောင်ရယ်။ နိုရာ ဆိုတဲ့ ကျွန်မက မောင့် အတွက် အမုန်းခံမိန်းမသားပါ။