11 U/Z

1.7K 46 1
                                    

Uni

✳️အပိုင်း ၁၁✳️

မိုးဝဿန် နှင့် နိုရာတို့ နှစ်ယောက်အတူ ချိန်းထားသည့် ကော်ဖီဆိုင်လေးသို့ ရောက်လာခဲ့ကြလေသည်။ ကော်ဖီဆိုင်ကို ရောက်လေတော့ ချိန်းဆိုထားသည့် မိန်းကလေးက ကြိုရောက်နေလေသည်။

"သက်ထားစောင့်နေရတာ ကြာပြီလား"

ဝဿန်ကပင် စ၍ ထိုမိန်းကလေးကို  စကားစလိုက်လေသည်။ ပြီးမှ ဝဿန်နှင့် နိုရာ နှစ်ဦးစလုံး မိန်းကလေး၏ အရှေ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြလေသည်။

"ဒါက ကိုယ့် သူငယ်ချင်း နိုရာတဲ့"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် မမ၊ သက်ထားချိုပါ"

"နိုရာလည်းတွေ့ရတာ ဝမ်းသာပါတယ်"

အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြရင်း ကော်ဖီမှာပြီးသောက်လိုက်ကြလေသည်။ ပြီးမှ မိုးဝဿန် စကားစလိုက်သည့်က

"စေ့စပ်ပွဲကို ကိုယ့်ဘက်က ငြင်းပါရစေ"

"ရှင်"

ချစ်စရာ ကော်ပတ်ရုပ်မျက်နှာလေးဖြင့် မိန်းကလေးက သူ့ကို ပြူးကြောင်ကြောင်လေးကြည့်ကာ တအံ့တသြဖြစ်နေလေသည်။

အခြေအနေကို ရိပ်စားမိသော  နိုရာ လျှင်မြန်စွာပင် မိုးဝဿန်၏ လက်ကို ဖြတ်ရိုက်လိုက်မိလေသည်။ ရိုက်လိုက်သည့်ကိုပင် မထုံတတ်သေး လုပ်နေသည့် မိုးဝဿန်သည့် အပြုံးမပျက် ပြန်ပြောသည်က

"အမှန်ဆို ကိုယ့်က ဘယ်မိန်းကလေးကိုမှ လက်မထပ်ချင်တာ၊ ညီမမို့လို့ ငြင်းတာ မဟုတ်ဘူး ဆိုတာတော့ သိစေချင်တယ်"

သက်ထား ပြူးတူးတူးလေးဖြင့် သူမ အရှေ့တွင် ရှိနေသော အမျိုးသားကို ကြည့်လိုက်မိလေသည်။ ရုပ်ရည်ရူပါကာ ချောမောလွန်းပြီး ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီး သူ့လိုယောကျာ်းကို သက်ထား မမြင်ဖူးသူတစ်ဦးသဖွယ် ငေးကြည့်လိုက်မိလေသည်။ သူကတော့ သူမ ကြည့်နေသည့်ကို သတိပင်ရလေရဲ့လား။ ဘာကိုမှ မရုမစိုက်သည့် ဟန်ဖြင့်

"မင်းကို ကိုယ်တောင်းဆိုစရာတစ်ခုတော့ ရှိတယ်၊ အဲ့ဒါက အခုစေ့စပ်ပွဲကို မင်းဘက်က လက်မခံနိုင်တဲ့ အကြောင်း ငြင်းပေးပါ"

အရင်းနှီးဆုံးသူစိမ်းWhere stories live. Discover now