2 U/Z

1.4K 46 2
                                    

Uni

✳️အပိုင်း ၂✳️

ထက်ရှိုင်း အိပ်ယာနိုးလေတော့ ဟိုမိန်းမကို မတွေ့လေတော့ စိတ်ထဲ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ ထိုမိန်းမရဲ့ လောင်းရိပ်အောက်က လွှတ်မြှောက်ပြီး ချစ်ရသည့် ချစ်သူနှင့်သာ လက်တွဲချင်သည်။

အရာရာကို ငွေရှိရင် ဘာမဆိုလုပ်နိုင်သည့် ဟု ထင်ထားသည့် ထိုမိန်းမကို သူ့ ရွံ့မုန်းသည်။  ဒီနေ့ချစ်ရသည့် အမျိုးသမီးလေးနှင့် ချိန်းထားသဖြင့် သူ စိတ်ထဲပေါ့ပါးလန်းဆန်းနေလေသည်။ 

သူ့ဟာ အင်ဂျင်နီယာတစ်ယောက် ဖြစ်သည့် အလျှောက် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ကြီး ဆိုလည်း မမှားပေ။ ဆယ်တန်းအောင်ပြီးကတည်းက နိုရာ၏ မိဘများ အထောက်အပံ့ဖြင့် ကျောင်းဆက်တက်ပြီး အင်ဂျင်နီယာဘွဲ့ယူနိုင်ခဲ့လေသည်။ ဘွဲ့ရပြီး တစ်နှစ်အရောက်မှာတော့ ကျေးဇူးဆိုသော စကားလုံးတွေဖြင့် သူတို့၏ သမီး နိုရာနှင့် လက်ထပ်ရန် ဖိအားတွေ ပေးခဲ့ကြလေသည်။ ထိုနေ့ကို သူ့ ဘယ်သောအခါမှ မမေ့သေးပေ။ သူ့ကို မျက်ရည်တွေဖြင့် ကျေးဇူးရှင်၏ သမီးကို လက်ထပ်ရန် တောင်းဆိုခဲ့သော မိခင်။ သား ဖြစ်သူကို ဒူးထောက်မတက် တောင်းပန်ခဲ့သော ဖခင်။

နောက်ဆုံးတော့  ဖခင်နှင့် မိခင်၏ စကားကို မလွန်ဆန်နိုင်သည့် သူ့ သည့်သာ ထိုမိန်းမကို လက်ထပ်ဖို့ ဖြစ်လာခဲ့လေသည်။

အရာရာကို ငွေရှိရင် ဘာမဆိုဖြစ်တယ် ဟူသော သူမ၏ မိသားစုနှင့် သူမကို သူ့ နည်းနည်းလေးမျှပင် ကြည့်၍ မရသလို သူ့ရင်ထဲတွင် ရှိနေသော အမုန်းတရားများကသာ အမြစ်တွယ်နေခဲ့လေသည်။
                        ✳️✳️✳️

"CEO နိုရာ Congratulations နော်"

အစည်းအဝေးအခန်းတွင်းမှ ထွက်လာသော နိုရာ အား မန်နေဂျာ မမမျိုးက ပြောလိုက်ခြင်း ဖြစ်သည်။ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦး၏ အောင်မြင်မှုက ရန်ကုန်နယ်တ​ကြောတွင်ရှိနေသော အထည်ချုပ်လုပ်ငန်းရှင်တိုင်း၏ ပါးစပ်ဖျားမှာ ရေပန်းစားနေဆဲဖြစ်သည်။ ယခုလည်း ကိုယ်ပိုင်ဒီဇိုင်း မိုးကာအင်္ကျီကို ဖန်တီးနိုင်ဖို့ အရေး "မိုးသောက်ကြယ်" အထည်ချုပ်လုပ်ငန်းစုရဲ့ ရှယ်ယာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးဖြစ်သည်။ ထိုအစည်းဝေးတွင် နိုရာတင်ပြသော မိုးကာ အင်္ကျီဒီဇိုင်းကို အားလုံးက လက်ခံပေးကြသဖြင့် နိုရာ ဆိုသည့် အမျိုးသမီးလေးသည် အထည်ချုပ်လောကရဲ့ စူပါစတား တစ်ဦးဖြစ်လာရသည့်က အဆန်းတော့ မဟုတ်တော့ပေ။

အရင်းနှီးဆုံးသူစိမ်းWhere stories live. Discover now