8 U/Z

1.7K 57 2
                                    

Uni

✳️အပိုင်း ၈✳️

အိမ်ရှေ့ကားထိုးရပ်လိုက်လေပြီး ကားပေါ်က ဆင်းလိုက်လေသည်။ ပြီးမှ အိမ်ထဲသို့ဝင်လာရာ အိမ်ရှေ့တွင် ခြေစုံရပ်လိုက်သည့်နှင့် ယောကျာ်းစီးကတ္တီပါ ဖိနပ်တစ်ရံကို တွေ့လိုက်ရသဖြင့် သူ့ မျက်ခုံးတွေ ပင့်တက်သွားရလေသည်။

ဘယ်သူဖိနပ်လဲ ဟူသောအတွေးဖြင့် အတွေးများစွာဖြင့် အိမ်ထဲသို့ ဝင်လာပြီး လှေကားထစ်တွေ အတိုင်း သူ့ တက်လာစဥ် အခန်းထဲမှ စကားသံသဲ့သဲ့ကို သူ့ ကြားလိုက်ရလေသည်။

"ကိုရယ် သဒ္ဒါနဲ့ ကိုယ့် အတူရှိဖို့ အချိန်တွေက မဝေးတော့ပါဘူးကွယ်"

ဒါက ဘာသဘောလဲ။ သဒ္ဒါက သူ့ နောက်ကွယ်မှာ အခြားတစ်ယောက်နှင့် ဖောက်ပြန်နေတာလား။ သူ့ ပါးစပ်အဟောင်းသားဖြင့် အံ့သြတုန်လှုပ်နေစဥ် ထပ်မံကြားလိုက်ရသော စကားက ပို၍ပင် သွေးပျက်စရာကောင်းနေလေသည်။

"ကိုယ့်က အဖေအရင်းတစ်ယောက်ဖြစ်ပြီး သားကို ဘယ်အချိန်မှ တရားဝင် သားလို့ ခေါ်ခွင့်ရမှာလဲ သဒ္ဒါ၊ ကိုယ့် ဘက်ကိုလည်း သဒ္ဒါ ကိုယ်ချင်းစာပေးပါဦး"

"ဟင်"

မထင်မှတ်ထားသည့် စကားစုတစ်ရပ်မို့ ထက်ရှိုင်း ရင်ထဲ ဆို့နင့်လာရလေသည်။  တစ်ချိန်လုံး သားအရင်းဟု ထင်မှတ်ခဲ့သူက သား အရင်းမဟုတ်မှန်း သိလိုက်ရသည့်က သူ့ အတွက် ခြောက်ခြားဖွယ်ရာ ကောင်းလွန်းနေလေသည်။ အဟက် နောက်ဆုံးတော့ သူ့ လှလှပပကြီး လှည့်စားခံလိုက်ရသည့် ဆိုသော အသိစိတ်တစ်ခုက သူ့နှလုံးသားကို သေအောင်သတ်နိုင်သည့် လက်နက်တစ်ခုဖြစ်နေသည့်ကို သိလိုက်ရလေသည်။

ထို အခန်းထဲကို ဝင်ဖို့လည်း အင်အားတွေ သူ့မှာရှိမနေတော့ပေ။ ထိုကြောင့် တိတ်တဆိတ်သာ သူ့ပြန်လှည့်ထွက်လာခဲ့မိလေသည်။ သို့သော် ခြေလှမ်းတိုင်းက အဓိပ္ပါယ်မဲ့ကာ လူသည်လည်း ရှင်လျှက်ပင် သေနေရလူနှယ် အရာရာအားလုံးဝ ယုံကြည်ပေးနိုင်ရန် ခက်ခဲပြီးရင်း ခက်ခဲနေပါပြီလေ။
                       ✳️✳️✳️

"နိုရာ"

ကုန်တိုက်ကြီးတွင် သမီးငယ်အတွက် လိုအပ်သည့်များဝယ်ယူပြီး ပြန်ထွက်လာစဥ် တစ်စုံတစ်ဦး၏ ​ခေါ်သံကြောင့် နိုရာ ခြေလှမ်းတွေ ရပ်တန့်သွားရလေသည်။

အရင်းနှီးဆုံးသူစိမ်းWhere stories live. Discover now