Uni
✳️အပိုင်း ၇✳️
တိတ်ဆိတ်နေသော ညအလယ်မှာ ထက်ရှိုင်းတစ်ယောက် တုန်လှုပ်ခြောက်ခြားမှုကြောင့် ချွေးတွေပင် ပျံ့လာခဲ့ရလေသည်။ ကြမ်းပြင်ပေါ် ကျနေသော DNA စာရွက်တွေကို ကြည့်ပြီး လူက ရူးချင်လာလေသည်။ လွန်ခဲ့သော ၅ နှစ်။ ထို ၅နှစ်ကျော်က ဆေးစစ်ချက်တွေနှင့် အခုဆေးစစ်ချက်တွေက ဘာကြောင့်များ ကွဲပြားနေခဲ့ရလေသလဲ။ မှတ်မိနေပါသေးသည်။ ထိုနေ့က။ သဒ္ဒါ နှင့် သူတွေ့ဖြစ်ကြလေသည်။ အဝေးကို မှိုင်ငေးနေသည့် သူ့ကို သဒ္ဒါက ရွှန်းလဲ့နေသော မျက်ဝန်းတွေဖြင့် ကြည့်ရင်း
"မောင့်က ဒီကလေးကို မောင့် ကလေးလို့ ထင်တာလား"
"သူ့ နဲ့ မောင် မှားခဲ့တာ မင်းအသိပဲလေ သဒ္ဒါ"
"အဟက် မောင့်ကတော့ သူ့ ဆင်တဲ့ ထောင်ချောက်ထဲ လုံးလုံးလျားလျားကို ရောက်သွားတာပဲနော် အဟွန့်"
သဒ္ဒါစကားကြောင့် သူ့ မျက်ခုံးကို တွန့်ကြုတ်လိုက်ပြီး
"သဒ္ဒါ ဆိုလိုချင်တာက"
"အဟင့် မောင်ရယ် အခုလို အိုင်ဒီခေတ်မှာ မောင့်ဟာ သိပ်ကို ညံ့ဖျင်းလွန်းနေပါလားကွာ၊ DNA စစ်ကြည့်လိုက်ပေါ့ မောင့် ကလေး ဟုတ်မဟုတ်ဆိုတာ"
"ဟုတ်သားပဲ"
"ဒီလိုမှပေါ့ မောင်ရယ်၊ ဒီလိုလုပ် မနက်ဖြန် သဒ္ဒါနဲ့ မောင် အဲ့ကလေးရဲ့ DNA ကို သွားစစ်ရအောင်လေနော်"
ချစ်ရသူ၏ အလိုတော်ကျ သူ့ခေါင်းညိမ့်ခဲ့သည်။ ထိုအချိန်က သူအတွေးတို့သည် အမှားအမှန်ကို ဝေဖန်ပိုင်ခြားနိုင်ခြင်း မရှိခဲ့သည့်က သူ့၏ ညံ့ဖျင်းမှုကြောင့်ပင် ဖြစ်သည်။
ထိုနေ့က သဒ္ဒါနှင့် အတူ ဆေးရုံမှာ တိမ်လွှင့်ငယ် နှင့် သူ၏ ဆေးစစ်ချက်သည် သားဖတော်စပ်ခြင်း မရှိသည့်ကို သိခဲ့ရလေသည်။ ဒါဆို ထိုအခါက သူ့နှင့် သဒ္ဒါ သွားရောက်စစ်ဆေးခဲ့သည့် ဆေးစစ်ချက်နှင့် အခုသူကိုယ်တိုင် စစ်ခဲ့သော ဆေးစစ်ချက်က ဘာတွေလွှဲမှားနေခဲ့သနည်း။ တဖြည်းဖြည်းနှင့် မှောင်မိုက်နေသော ညအလယ်မှာ သူ့ဟာ စမ်းတဝါးဝါး လမ်းပျောက်ခဲ့သူ တစ်ဦးသဖွယ် ဖြစ်နေခဲ့လေသည်။
YOU ARE READING
အရင်းနှီးဆုံးသူစိမ်း
Romanceကျွန်မ မျက်ရည်တွေနဲ့ ခင်းခဲ့တဲ့ အချစ်တွေက အခုတော့ အဆုံးသတ်သွားပြီ။ မောင် မချစ်တဲ့ မိန်းမ ကျွန်မကို မုန်းချင်တယ် ဆိုလည်း သက်သက်သာသာ မုန်းပါမောင်ရယ်။ နိုရာ ဆိုတဲ့ ကျွန်မက မောင့် အတွက် အမုန်းခံမိန်းမသားပါ။