Part-5(Unicode)

3.2K 347 29
                                    

အချစ်တဲ့..။ ဘယ်အချိန်၊ ဘယ်အရွယ်ကတည်းက သူ့နှလုံးသားကိုစိုးမိုးခဲ့မှန်းမသိ..။

ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားသည်မို့ မိခင်မေတ္တာအပြည့်အဝမရခဲ့ဖူးသည့်သူသည် တဖြည်းဖြည်းနှင့် သံယောဇဉ်တွေကို တွယ်တာတတ်လာသည့်အချိန်မှစ၍ သူ့ထံ၌ အချစ်တွေပေါက်ဖွားခဲ့ဟန်တူသည်။

နန်းတွင်း၌ ဝင်ရောက်ပညာသင်ခွင့်ရခဲ့တုန်းကဖြစ်မည်..။

အစိမ်းနုရောင်ဝတ်ရုံဖြင့် ကလေးပေါက်စလေးတစ်ယောက်က သူ့အာရုံကိုအကြီးအကျယ်ဖမ်းစားခဲ့သည်။

ထိုကောင်‌လေး၏ ပါးလုံးလုံးလေးက ကိုင်လိုက်လျှင်အိနေမှာသေချာသည်ဟု အမြင်နှင့်ပင် ‌သူကောက်ချက်ချဖူးသည်။

လက်ထိပ်၊ ခြေထိပ်လေးတွေရဲနေတတ်သည့် ထိုကောင်လေးသည် အသားအရည်အင်မတန်မှ ဖြူဖွေးလွန်းနေသည်။

ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲ လက်ဖောင်းလေးများဖြင့် ရှေ့ကဆရာသင်ပေးသလို စုတ်တံကို မကိုင်တတ်ကိုင်တတ်နှင့်ကိုင်ကာ စာရေးနေသည့် ထိုကောင်လေးကို သူ့မှာခိုးခိုးငေးခဲ့ရတာ အမော..။

ထိုကောင်လေး၏ ခါး၌ချိတ်ထားသည့် ချူလုံးလေးက ထိုကောင်လေးလှုပ်ရှားသွားတိုင်း အသံမြည်တာမို့ သူ့မှာ ထိုခြူသံလေးကအစ သဘောကျလိုက်သည့်ဖြစ်ခြင်း..။

နန်းတော်ထဲသို့ဝင်လျှင် ထိုကောင်လေးကိုမမြင်ရမချင်း သူ့မှာစာတောင် ဖြောင့်ဖြောင့်မသင်နိုင်ရသည်အထိ ထိုကောင်လေးက သူ့အာရုံတွေကို ဖမ်းစားထားလွန်းသည်။

ထိုအခါ ထိုကောင်လေး သူ့ကို သတိထားမိလာအောင် မည်သို့လုပ်ရမည်မသိဖြစ်လာသည်။

ထို့ကြောင့် မိမိကိုယ်မိမိအားကိုးကာ မိမိပုံစံဖြင့် ထိုကောင်လေး၏အာရုံစိုက်မှုရအောင် သူကြိုးစားခဲ့သည်။

ကောင်လေးကိုဝင်တိုက်တာ..။ သူ့ရဲ့တံဆိပ်ပြားကိုဝှက်တာ..။ သူ့စုတ်တံကို‌ချိုးပစ်တာ..။
သူ့ဝတ်ရုံပေါ် မတော်တဆ တမင်တကာ ရေလောင်းချတာ..။

အာရုံစိုက်ခံရအောင် ကြိုးစားသည့်နည်းကပဲမှားယွင်းခဲ့သည်လားမသိ..။ ထိုကောင်လေးကသူ့အပေါ် အာရုံစိုက်မှုတွေတော့ ပြန်ပေးလာ၏..။
သို့ပေမယ့် အကောင်းဘက်ကတော့မဟုတ်..။

𝕽ᥱgrᥱ𝗍 (Complete)Where stories live. Discover now