အချစ်ဆိုသောအရာသည် အ၍ချစ်သည့်အမျိုး..။
သို့သော်လည်း အချစ်ကသူ့အတွက် ရှင်သန်ရာဘဝလမ်းကြောင်း၏ မျှော်လင့်ချက်ကြယ်လေးတစ်ပွင့်..။
ဘဝအမောတွေကြုံလာတိုင်း အချစ်က အားဆေးတစ်ခွက်..။
အချစ်ကဘယ်လိုမျိုးလဲလို့ သူ့ကိုမေးလာရင် သူဘယ်လိုဖြေရမှန်းတောင်မသိ..။
အင်း..အချစ်က ပါးဖောင်းဖောင်းလေးလား..။ အစိမ်းဝတ်ရုံကိုအမြဲတမ်းဝတ်ရတာကြိုက်တဲ့ကောင်လေးလား..။ သူ့ကိုခပ်ထန်ထန်ကြည့်တဲ့ ကောင်လေးရဲ့ စူးရှရှမျက်ဝန်းတွေလား..။ ဒါမှမဟုတ် သူ့ကိုအမြဲဒေါသတွေနဲ့ကြည့်တတ်တဲ့ကောင်လေးလား..။
သူ့နှယ်ဘယ်လိုဖြေရမှန်းတောင်မသိ..။ တစ်ခါတစ်လေ တွေးကြည့်လိုက်လျှင် သူခံယူထားတဲ့အချစ်က ထိုကောင်လေးဒေါသထွက်အောင် စနောက်ရတာကို သဘောကျတာများလားလို့တောင် တွေးမိသွားသေးသည်..။
သို့ပေမယ့် အချစ်က မှော်ပညာလိုမျိုး ဆန်းကြယ်တာတော့ သူသိသည်။ ဥပမာ-ကောင်လေးကို သူတွေ့တိုင်း ရင်တွေတဒိတ်ဒိတ်ခုန်လာတာမျိုး..။
လွန်ခဲ့သောသုံးနှစ်က မင်းမျိုးမင်းနွယ်ဘုံကျောင်းရှိ ဖူးစာရွေးချယ်ပွဲ၌ ဖြစ်မည်။
ယောကျာ်းလေးတစ်ယောက်အနေနဲ့ မိန်းကလေးတွေနဲ့အပြိုင် အိမ်ရှေ့စံမင်းသား၏ ဖူးစာရှင်အရွေးခံရတာ နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်ပေမယ့် ကံကြမ္မာက သူ့အားမျက်နှာသာပေးခဲ့၍ သူကျေနပ်သည်။ ကျေးဇူးလည်းတင်သည်။
ဥပမာ-သူ့ကို အိမ်ရှေ့စံကြင်ရာတော်အဖြစ်ရွေးချယ်ပေးခဲ့တဲ့ ဖူးစာရေးနတ်သမီးကိုပေါ့..။မှားယွင်းခဲ့သည့်ကံကြမ္မာဆိုပေမယ့် ကိုယ်တိတ်တိတ်ကလေးသဘောကျသည့်သူဘေးမှာ တိတ်တိတ်ကလေးမဟုတ်ရင်တောင် ပေါ်ပေါ်ထင်ထင်နေရတာကိုပဲ ကံကောင်းလှပြီးသူတွေးသည်။
အင်း..အဆိုးထဲ အကောင်းတစ်ခုပေါ့..။
ဘယ်လိုပဲ သူ့ဘက်က ကိုယ့်အားမုန်းတီးနေပါစေပေါ့..။"သခင်လေး..၊ ဘာပန်းချီတွေဆွဲနေပြန်ပြီလဲ။ ထမင်းမေ့ ဟင်းမေ့နဲ့"
စိုးရိမ်ပူပန်နေသည့် စူးစူး၏အသံနှင့်အတူ သူမသည် ဟင်းနှစ်ခွက်နှင့် ထမင်းပန်းကန်လုံးလေးတစ်ခုတင်ထားသည့် လင်ဗန်းတစ်ခုအား သူ့ဘေး၌လာချသည်။
YOU ARE READING
𝕽ᥱgrᥱ𝗍 (Complete)
Fanfictionနောင်တတဲ့..။နောင်မှ တရတာအရှင်.. နောင်တတဲ့..။နောင်မှ တရတာအရှင်.. Starting date-30.4.2023 Ending date- 29.5.2023